spot_img
24.6 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းဖယ်ခုံမြို့တွင်း ပြန်လာနေထိုင်ဖို့ လူထုတွေကို စစ်မကော်ရှင်က ဖိတ်ခေါ်နေပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေပြော

ဖယ်ခုံမြို့တွင်း ပြန်လာနေထိုင်ဖို့ လူထုတွေကို စစ်မကော်ရှင်က ဖိတ်ခေါ်နေပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေပြော

-

ကန္တာရဝတီတိုင်း (မ်)

စစ်ကော်မရှင်က ဖယ်ခုံမြို့နယ်အတွင်းက ဒေသခံလူထုတွေကို နေရပ် ပြန်လာနေထိုင်ကြဖို့ ဖိတ်ခေါ်နေတာဟာ လာမယ့် ရွေးကောက်ပွဲအတွက် လူအင်အားပြဖို့ ပြင်ဆင်တာဖြစ်နိုင်တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

“အမအနေနဲ့ ဆိုရင် သူ(စစ်ကော်မရှင်) ရှိတဲ့လူတွေနဲ့ ရအောင် လုပ်လိမ့်မယ်လို့ထင်တယ်။ အခုဆိုရင် ဖယ်ခုံ ရှေ့ခြမ်းမှာဆိုရင် သူတို့ပြန်ထိန်းချုပ်ထားပြီ။ လူအင်အားတော့ ရအောင်မလုပ်နိုင်ဘူးထင်တယ်။ ဒါပေမဲ့ တစ်ခုရှိတာက အိမ်စောင့်က အနည်းဆုံး တစ်ယောက်လောက်တော့ ကျန်ခဲ့ရင် သူ့မိသားစုဝင်တွေရဲ့ ကိုယ်စားအနေနဲ့ မဲပေးခိုင်းမှာကိုပဲ။ ပေါတောတော ဆန်တဲ့လုပ်ရပ်တွေလဲ သူတို့ လုပ်တတ်တယ်လေနော။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကော်မရှင်က ဖယ်ခုံမြို့နယ်ထဲက မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်မှာ ဒေသခံတွေကို ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့က အထွေထွေအုပ်ချုပ်ရေးရုံးရဲ့ ထောက်ခံစာယူခိုင်းပြီး ဖယ်ခုံမြို့အတွင်းကို ပြန်လာနေထိုင်ခိုင်းတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လတ်တလောမှာ မဲဆွယ်တာအပြင် လူထုကိုကိုယ်စားပြုတဲ့ ပါတီလည်းမရှိတာကြောင့် လာမယ့်ရွေးကောက်ပွဲက ရွေးကောက်ပွဲရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာမှာမဟုတ်ဘူးလို့ IEC အတွင်းရေးမှူး ၂ ဦးဗညားကပြောပါတယ်။

“ရွေးကောက်ပွဲကတော့ ဖြစ်သွားနိုင်ချေရှိတယ်ပေါ့နော။ လုပ်ရင်တော့ ဖြစ်သွားနိုင်ချေရှိတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီးတော့ ဒီဟာလုပ်တာကို။ အဲ့တော့ လွယ်လွယ်လေးပဲလေး။ သူက လူဦးရေ ဘယ်လောက်ရာခိုင်နှုန်းကို ပြည့်မီမှ ရွေးကောက်ပွဲ ထမြောက်တယ်။ ဒေသတစ်ခု၊ မြို့နယ်တစ်ခု ရွေးကောက်ပွဲ ထမြောက်မယ် ဆိုတာမှ မရှိတာကိုနော။ အဲကြောင့်မို့လို့ လူအယောက် ၁၀၀ ၊ ၂၀၀ နဲ့ပဲ မဲလာထည့်ရင်လည်း အထမြောက်မယ်လို့ သူကပြောလို့ရတယ်ပေါ့နော။ ဒါက ၂၀၀၈ အရပေါ့နော။ အဲလိုမျိုးလည်းရှိတယ်”လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

စစ်ရေးအရ အ‌ရေးပါတဲ့ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ထားပြီး‌နောက် ဖယ်ခုံ – မိုးဗြဲ-လွိုင်ကော် ပြည်ထောင်စု လမ်းမကြီးမှာ ယာဉ်လိုင်းကားတွေ ပြန်လည် ပြေးဆွဲနေကြတာဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ဖိတ်‌ခေါ်မှုကြောင့် နေရပ်ပြန်ဖို့ စီစဥ်တဲ့ လူထုတွေရှိနေသလို ပြန်လာမနေရဲကြတဲ့သူတွေလည်း ရှိတယ်လို့လည်း ဆိုပါတယ်။ ဖယ်ခုံမြို့နယ်က ဒေသတွင်း တိုက်ပွဲတွေကြောင့် ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲ ၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက လူထု တစ်သောင်းဝန်းကျင်ဟာ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ