Homeသတင်းစစ်ကော်မရှင်တပ်က ကရင်နီမှာ (FIXED WING HYBRID VTOL) နဲ့ (HEXACOPTER DRONE) စတဲ့ ဒရုန်းအမျိုးအစား (၂)...

စစ်ကော်မရှင်တပ်က ကရင်နီမှာ (FIXED WING HYBRID VTOL) နဲ့ (HEXACOPTER DRONE) စတဲ့ ဒရုန်းအမျိုးအစား (၂) မျိုးကို အသုံးပြုနေတယ်လို့ ကယား(ကရင်နီ) စစ်ဒေသခွဲ တပ်ရင်း ဆို

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဟာ FIXED WING HYBRID VTOL နဲ့ HEXACOPTER DRONE စတဲ့ ဒရုန်း အမျိုးအစား (၂) မျိုးကို အသုံးပြု တိုက်ခိုက်နေတယ်လို့ ကယား(ကရင်နီ) စစ်ဒေသခွဲ တပ်ရင်းအမှတ် – ၁၁၀၉ က ဩဂုတ်လ (၁၉) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောတ်မရှင်တပ်သားတွေဟာ ဒရုန်းတွေကို အသုံးပြုတာ ပိုမို အားကောင်းလာသလို လက်နက်မျိုးစုံ ၊ လူအင်အား အလုံးအရင်း သုံးနိုင်တာကြောင့် နယ်မြေတွေ ပြန်လည် ရယူနိုင်တာဖြစ်တယ်လို့ ကယား(ကရင်နီ) စစ်ဒေသခွဲ တပ်ရင်းအမှတ် – ၁၁၀၉ တာဝန်ရှိသူတစ်ဦး က ကန္တာရဝတီတိုင်း ( မ် ) ကို အခု လို ပြောပါတယ်။

“အခုနောက်ပိုင်းတွေမှာ စစ်ကောင်စီတွေရဲ့ ဒရုန်းက တော်တော်လေး အားကောင်းလာတယ်။ ဒါပေမယ့် ဒီ ဒရုန်းအသုံးပြုမှုကြောင့် စစ်ကောင်စီက နယ်မြေတွေ ပြန်ပြီး သိမ်းပိုက်နိုင်တာမျိုး ၊ ကျနော်တို့ ဒရုန်း အကြဲ ခံရလို့ နယ်မြေပြန်ပေးလိုက်ရတာ မျိုးတော့ မဟုတ်ဘူး။ စစ်ကောင်စီတွေ သုံးတာ ဒရုန်း မျိုးစား တစ်ခုထဲကို သုံးတာ မဟုတ်ဘူး။ သူတို့မှာ လက်နက်ကြီး ၊ လေယာဉ် ၊ လက်နက်ငယ် ၊ မိုင်း သူတို့မှာ ပေါပေါစားစား ရှိနေတာ ဖြစ်တဲ့အတွက် အင်အား အလုံးအရင်း နဲ့ တိုးရင်တောင်မှ ဒရုန်းထက်ကို အဆမတန် ပိုသုံးနိုင်တာ ဖြစ်တယ်။ “ လို့ ကယား(ကရင်နီ) စစ်ဒေသခွဲ တပ်ရင်းအမှတ် – ၁၁၀၉ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

(HEXACOPTER DRONE)လို့ အမည်ရတဲ့ ဒန်လက် (၆) ဖက်ပါ တဲ့ ဒရုန်းတွေကို စစ်ကော်မရှင်တပ် အသုံးပြုနေတာ (၁) နှစ်ကျော်ရှိပြီ ဖြစ်ပေမယ့် (FIXED WING HYBRID VTOL) အမည်ရ ဒရုန်းအမျိုးအစားကိုတော့ ၂၀၂၅ ခုနှစ်အတွင်းမှ စတင်အသုံးပြုလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကယား(ကရင်နီ) စစ်ဒေသခွဲ တပ်ရင်းအမှတ် – ၁၁၀၉

လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ်အခြေစိုက် စစ်ကော်မရှင်တပ်ရဲ့ ခလရ ၁၀၂ တပ်ကနေ ထွက်လာတဲ့ စစ်ကြောင်းက ဒီးမော့ဆိုမြို့လယ်က ဒေါငံခါးကျေးရွာ၊ လမ်းခွအနီးကို ရောက်ရှိလာပြီဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပါတယ်။ ယမန်နေ့ ဩဂုတ်လ (၁၉) ရက်နေ့ ရက်စွဲနဲ့ စစ်ကော်မရှင်တပ်က ဒီးမော့ဆိုမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားတာ ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ