KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်၊ (ဗုဒ္ဓဟူးနေ့)
– ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ ရိုးရာပွဲတော်ဖြစ်တဲ့ အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲ ကို ပြုလုပ်
– ဖရူဆိုမှာ စစ်ကော်မရှင် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်နှစ်ဦးထိမှန်ပြီး တစ်ဦး ဒဏ်ရာပြင်းထန်
– ဩဂုတ်လ တလတာအတွင်း အရပ်သားပြည်သူ ၁၄၀ နီးပါး သေဆုံးပြီး ၃ ဦး ဖမ်းဆီး ချုပ်နှောင်ခြင်းခံရ
ဆိုတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေနဲ့
“သုတအဖြာဖြာ အစီအစဉ်” ကနေပြီး ” မိုင်းကွင်းအန္တရာယ်ထဲ ကျရောက်လျှင် ဘယ်လိုလုပ်ဆောင်သင့်လဲ။” ဆိုတဲ့အကြောင်းကိုလည်း ကြားကြရဖို့ ရှိပါတယ်။ အဲဒီနောက်မှာတော့ “နန်းမယ်ခုံမြို့နယ်မှာ ရောင်းချပေးနေတဲ့ ကုန်ဈေးသတင်း”ကိုလည်း နားဆင်ကြရမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။