spot_img
27.4 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းထီးသဲကလိုးကျေးရွာတွင် တရားမဝင် ပိတောက်တုံး ၁၀ဝ ဖမ်းမိ

ထီးသဲကလိုးကျေးရွာတွင် တရားမဝင် ပိတောက်တုံး ၁၀ဝ ဖမ်းမိ

-

ထျိုးမြာ

ဒီးမော့ဆိုမြို့နယ် ထီးပိုးကလိုးကျေးရွာအုပ်စု၊ ထီးသဲကလိုးကျေးရွာတွင် ပိတောက်ခွဲသား ၁၀ဝ တုံးနှင့် တန်ချိန် ၁၂.၆၃၈၂ တန် ရှိ သစ်များကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၃ နာရီကျော်အချိန်က ကယားပြည်နယ်သစ်တောဦးစီးဌာမှ ဦးဆောင်၍ လိုက်လံဖမ်းဆီးရရှိခဲ့သည်။

တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ သစ်တောဝန်ထမ်းက ၁၆ ဦး နှင့် ၁၀၂ တပ်ရင်းမှ ဗိုလ်ကြီးကောင်းခန့် အပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦးတို့မှ လိုက်ဖမ်းဆီးခဲ့သည်ဟု ကယားပြည်နယ်သစ်တောဦးစီးဌာန၏ ညွန်ကြားရေးမှူး ဦးဇော်ဦးက ပြောသည်။

“ကွင်းဆက်ကတော့ စုံစမ်းတုန်းပဲ ရှိသေးတယ်။ အတိအကျတော့ မသိသေးဘူး။ တောင်ခြေနားမှာဆိုတော့ စုံစမ်းလို့မရဘူးဆိုတော့ လောလောဆယ်တော့ ပိုင်ရှင်မဲ့နဲ့ပဲ သိမ်းထားတယ်ပေါ့နော”ဟု ညွန်ကြားရေးမှူးက ပြောသည်။

ဖမ်းဆီးထားသောသစ်များကို မြန်မာ့သစ်လုပ်ငန်း လွိုင်ကော်သစ်ထုတ်ရေးဒေသသို့ လွဲပြောင်းထားသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ