ကန္တာရဝတီတိုင်း (မ်)
အောက်တိုဘာလ (၁၁) ရက်နေ့ မှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက လူသွားလူလာများတဲ့ လမ်းမကြီးဘေးတစ်နေရာမှာ ကရင်နီမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ Clean Mountains အဖွဲ့ကနေ ဦးဆောင်ပြီး ဘေထုပ်ဝတ်တာရှက်စရာမဟုတ်ပါ ဆိုတဲ့ ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
အခုလို ကမ်ပိန်း ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ကမ်းပိန်းစီစဥ်ကျင်းပသူ Clean Mountains ကအဖွဲ့ ဝင်တစ်ဦးက ခုလိုပြောပါတယ်။
“အဓိကကတော့ စက်မှု ပုံဆောင် စီးပွားရေးစနစ်တစ်ခုမှာ လူထုတွေနေနဲ့ ဘယ်လောက်ထိ အသိ သတိရှိနေပြီလဲ ဆိုတာ သိချင်လို့ လုပ်ဆောင်ရတာ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ ဒေသတစ်ခုရယ်လို့ ဖြစ်လာပြီဆို ရင် ဒေသအတွင်း မှာရှိတဲ့ ကုန်ပစ္စည်း ကိုပဲ ကျနော်တို့ ပြန်ပြင်ပြီးတော့သုံးမယ်။ ပြည်ပကို မမှီခို ဘူးဆိုရင် ကျနော်တို့ရဲ့ အခွန်ကဏ္ဠကိုပဲ ပြောရမှာ ပေါ့နော်။ ပြည်ပကို ကျနော်တို့ အခွန်ဆောင် နေရတာမျိုးတွေ အများကြီးသက်သာသွားမယ်။ ဒီဒေသမှာ ရှိတဲ့ အရင်းမြစ်ကိုပဲ ပြန်ထွင်ပြီးတော့သုံး မယ် ပြန်ပြင်ပြီးတော့ သုံးမယ် ဆိုတဲ့ ပုံစံ မျိုးလေးပဲ ကျနော်တို့ ဆက်ပြီးတော့ ထိန်းထားမယ် ဆိုရင် နောက်ပိုင်းကျရင် ဒီဒေသခံတွေကို အလုပ် အကိုင်ပေးရေးက အစ Local conception နဲ့ productionပေါ့နော။ တစ်ခုခုလိုတယ်ဆိုရင် ကျနော်တို့ ဒေသမှာပဲ ကျနော်တို့ ထုတ်လုပ်မယ်။ ရောင်းချမယ်။ ပြန်ပြုပြင်မယ်။ ပြီးရင် ဒေသတွင်းမှာ ပဲ ပြန်ပြီးထုတ်လုပ်မယ်နိုင်သည်အထိ သွားနိုင်အောင် ကျနော်တို့ ရည်ရွယ်တာဖြစ်တယ်ပေါ့” လို့ ဆိုပါတယ်။
ယခုလို ကမ်ပိန်းဟာလဲ မည်သူကိုမှ ဖိတ်ခေါ်ထားတာမျိုးမဟုတ်ပဲ စိတ်ပါဝင်စားသူတွေ လာရောက်ပူးပေါင်းပါဝင် ကြတာဖြစ်ပါတယ်။
အခုလို ကမ်ပိန်းမှာ ပူးပေါင်းပါဝင်ခွင့် ရတဲ့ အပေါ် လူငယ်တစ်ဦးက“ကျမတော့ ဒီလိုကမ်ပိန်းမျိုး ပါဝင်ရတာ အရမ်း ပျော်တယ်။ ဘာလို့လဲ ဆို ကျမတို့ နောက်ဖက်ခြမ်းမှာ ဒီလိုလုပ်တာ သိပ်မရှိဘူး။ ဒီကမ်ပိန်းဟာ ဒီတိုင်းအပျော်သက်သက် လုပ်တာမဟုတ်ပဲနဲ့ ကျမတို့ကို အသိ ပညာ တွေတိုးပွားအောင်ပြုလုပ်ပေးတဲ့ အတွက်ကြောင့် ပေါ့နော်။” လို့ ဆိုပါတယ်။
ဒီလိုကမ်ပိန်းတွေကနေ အသိပညာ ဗဟုသုတတွေလဲ ရတာကြောင့် နောက်ပိုင်းတွေမှာလဲ ယခုလို ကမ်းပိန်းတွေ များများလုပ်ပေးနိုင်ရင် ပိုကောင်းတယ်လို့လဲ သူမက ဆက်ပြောပါတယ်။
ထိုကမ်ပိန်းမှာ ကရင်နီ Idol ပြိုင်ပွဲဝင် တွေကဖျော်ဖြေခြင်း၊ ကံစမ်းမဲ နှိုက်ခြင်းနဲ့ ဘေထုပ်ဝတ်က ရှိုးလျောက်ခြင်း စတဲ့ အစီစဥ်တွေပါဝင်ပါတယ်။