spot_img
22.7 C
Loikaw
Saturday 24, January 2026
spot_img
Home၂၀၂၅ ရွေးကောက်ပွဲရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရသူ ( ၉၀ ) ဝန်းကျင် ရှိနေ

ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရသူ ( ၉၀ ) ဝန်းကျင် ရှိနေ

-

ကန္တာရဝတီတိုင်း ( မ် )

ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ နဲ့ ဖမ်းဆီးခံရသူ ( ၉၀ ) ဝန်းကျင် ရှိကြောင်း စစ်ကော်မရှင် ရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားထားတဲ့ မြန်မာအင်တာနက်ပရော့ဂျက် ရဲ့ စာရင်းတွေအရ သိရပါတယ်။

အဲ့ဒီစာရင်းဟာ ယခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ကနေ အောက်တိုဘာလ ၂၉ ရက်နေ့ထိ သုံးလတာအတွင်းကဖြစ်ပြီး တိုင်းဒေသ ၊ ပြည်နယ်အသီးသီးမှာ အရေးယူဆောင်ရွက်မှု ၄၀ ခုနဲ့ အမျိုးသား (၈၃) ဦး ၊ အမျိုးသမီး ၅ ဦး ဖြစ်ကြောင်း ပြောပါတယ်။

စစ်အုပ်စုက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေပြီး ဥပဒေကို လက်နက်သဖွယ်အသုံးပြုနေကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP)က ထောာက်ပြပါတယ်။

အဲ့ဒီ အရေးယူမှုတွေကို မြန်မာအင်တာနက်ပရောဂျက်က အမည်နဲ့တကွ မှတ်တမ်းတင်ထားနိုင်သူအရေအတွက်ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၁၄)ရက်အထိ စုစုပေါင်း(၃၂)ဦးရှိတဲ့အနက် အမျိုးသား(၂၉)ဦး ၊ အမျိုးသမီး(၃)ဦး ဖြစ်ပါတယ်။

ကရင်နီပြည်က ၅ ဦးအပါအဝင် ရှမ်းပြည်နယ်က ၂ ဦး ၊ ရန်ကုန်တိုင်းက ၁၄ ဦး ၊ ပဲခူးတိုင်းက ၁ ဦး၊ ဧရာဝတီတိုင်းက ၂ ဦး ၊ ကရင်ပြည်က ၂ ဦး၊ မွန်ပြည်နယ်က ၁ ဦး နဲ့ နေထိုင်တဲ့မြို့နယ်ကို အတည်မပြုနိုင်သေးသူ ၅ ဦးပါဝင်ကြောင်း MIP က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ