Homeသတင်းHtel Phoe Music Learning Center မှ (၂ ) နှစ်အတွင်း ဂီတဝါသနာရှင် ၁၀၀ ကျော်ကို...

Htel Phoe Music Learning Center မှ (၂ ) နှစ်အတွင်း ဂီတဝါသနာရှင် ၁၀၀ ကျော်ကို မွေးထုတ်နိုင်ခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင်း တနေရာမှာ ဖွင့်လှစ်ထားတဲ့ Htel Phoe Music Learning Center (HPML )သင်တန်းကျောင်းမှ (၂ ) နှစ်သာ အတွင်း ဂီတဝါသနာရှင် ၁၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

” ကျမ တို့ ဒီ နှစ်နှစ်တာ ကာလအတွင်းမှာပေါ့နော်။ နှစ်နှစ်တာ မစခင်မှာလည်း ၃ လ ပရိုဂရမ်လေးတွေကို အများကြီး စဖြစ်ခဲ့တယ်ပေါ့နော်။ အဲ့ဒီ ၃ လ ပရိုဂရမ်လေးတွေကို ဖယ်လိုက်မယ်ဆိုလို့ရှိရင် ဒီ နှစ်နှစ်တာ ကာလအတွင်းမှာ ကျမတို့ ကျောင်းသားဦးရေက ၁၀၀ ကျော် ပါတယ်။ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ကာလမှာ ကျမ တို့က အမြဲတမ်း ကြမ်းတမ်းတဲ့ အရာတွေနဲ့ပဲ အမြဲတမ်းထိတွေ့နေခဲ့တဲ့ အခါမျိုးတွေမှာက ဒီလို နူးညံ့တဲ့အရာမျိုးတွေကို ကျမတို့က လိုအပ်တယ်။ ဒီလို လိုအပ်တာကို သိရှိနိုင်ဖို့အတွက်လည်း ကျမကို ဒီစစ်ရှောင်စခန်းတခုက သင်ပေးခဲ့တာပါ။ အဲဒီကနေ ရခဲ့တဲ့ ယုံကြည်ချက် အသိစိတ်နဲ့ ဒီကျောင်းကို စပြီးတော့ တည်ထောင်ဖြစ်ခဲ့တာ” လို့ မော်ဖရေမြာ က ပြောပါတယ်။

တခြားသော ပညာရေးအပိုင်းမှာ အားမသာပေမယ့် ဂီတတွေ၊ အားကစားပိုင်းတွေမှာ စိတ်ပါဝင်စားပြီး ထူးချွန်နေတဲ့ ကျောင်းသား/သူတွေကို မိဘတွေအနေနဲ့ တွန်းအားပေးစေလိုကြောင်းကိုလည်း သူက အ ခုလို ပြောဆိုပါတယ်။

“ကျမ တို့ ဒီ ဂီတ ကနေပြီးတော့ မိဘတွေ ပြည်သူတွေ အနေနဲ့က ပိုပြီးနားလည် သွားစေချင်တာက သူတို့ သားသမီးတွေက ပညာရေးတခုထဲမှာပဲ ရဖို့လိုတာ မဟုတ်ဘူး။ အားကစားပိုင်းမှာလည်းကျွမ်းကျင်ရင် ကျွမ်းကျင်မယ်။ ဂီတ ပိုင်းမှာလည်း ကျွမ်းကျင်ရင် ကျွမ်းကျင်မယ်။ ဒါဟာ သူ့ရဲ့ ကဏ္ဍပေါ့။ အဲ့ဒါကြောင့် သူတို့ ရဲ့ သားသမီးတွေကို ပိုပြီးတော့ အားပေးအားမြောက်ပြုစေချင်တယ်” လို့ ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ဟာ Htel Phoe Music Learning Center (HPML) ကျောင်း (၂) နှစ်ပြည့်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခမ်းအနားကိုတော့ ပြုလုပ်နိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ