spot_img
17 C
Loikaw
Saturday 7, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ ရေရှား ၊ ကားတစီးစာရေကို ကျပ်၂ သိန်းပေးဝယ်ရ

လွိုင်ကော်အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ ရေရှား ၊ ကားတစီးစာရေကို ကျပ်၂ သိန်းပေးဝယ်ရ

-

ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် လွိုင်ကော် အရှေ့ဘက် ခြမ်း စစ်ရှောင် စခန်း တနေရာမှာ ရေရှားပါးလာတာကြောင့် ရေကားတစီး(ဒါန်ဘာ ကား) ကို (၂) သိန်းကျပ် ပေးဝယ်နေရတယ်လို့ သိရပါတယ်။
“ရေကတော့ အဆင်မပြေတော့ဘူး။ ရေဝယ်ရတယ်။ အရင်နေရာမှာ (၆) သောင်းနဲ့ ဝယ်ရတဲ့ရေက အခုနေရာမှာ ဆိုရင် (၂) သိန်းပေးရတယ်။ မဝယ်နိုင်တဲ့ မိသားစုတွေကတော့ အရင်နေရာဟောင်း မှာ ပြန်နေကြတယ်” လို့ စစ်ရှောင်ကော်မတီ တဦးက ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလလယ်မှာလောက်မှာ စစ်ကော်မရှင်ရဲ့ထိုးစစ်ကြောင့် ဘေးကင်းရာကို ထပ်မံ ပြောင်းရွေ့နေထိုင်ခဲ့ကြတာပါ။
စစ်ရှောင်စခန်း အနီးအနားမှာတော့ ရေတွင်းရှိပေမယ့်လည်း နွေရာသီဝင်ရောက်လာပြီဖြစ်တာကြောင့် ရေလုံလောက်မှု မရှိတော့ပါဘူး။ ရေကို ရရှိဖို့ အတွက် (၁)နာရီ နီးပါး ကြာအောင် ကားနဲ့ သွားရောက် ခပ်ယူရပြီး ရေကားတစ်စီးကို ၂ သိန်းကျပ် နဲ့ ပေးဝယ်နေကြရတာပဲ ဖြစ်ပါတယ်။
အဆိုပါ စစ်ရှောင်စခန်း ကို စတင်ရွေ့ပြောင်း လာချိန်မှာတော့ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက် ရှိပြီး ရေရှားပါးမှု ပြသာနာကြောင့် ယခင် နေထိုင်ခဲ့တဲ့ စစ်ရှောင်စခန်းတွေကို ပြန်လည် ပြောင်းရွေ့ကြကာ လက်ရှိမှာတော့ အိမ်ခြေ (၇၀) ဝန်းကျင်နဲ့ လူဦးရေ ၃၀၀ ဝန်းကျင်လောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ