spot_img
31.5 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုမှာ မြေ နဲ့ ဆိုင်ငှားရမ်းခတွေ ဈေးမြှင့်နေဆဲဖြစ်တာကြောင့် ရောင်းဝယ်ရေးလုပ်ကိုင်ကြတဲ့သူတွေ အခက်တွေ့ဟုဆို

ဒီးမော့ဆိုမှာ မြေ နဲ့ ဆိုင်ငှားရမ်းခတွေ ဈေးမြှင့်နေဆဲဖြစ်တာကြောင့် ရောင်းဝယ်ရေးလုပ်ကိုင်ကြတဲ့သူတွေ အခက်တွေ့ဟုဆို

-

ကန္တာရဝတီတိုင်း(မ်)
ဆိုင်ငှားခနဲ့ မြေငှားရမ်းခ မြှင့်တက်နေဆဲဖြစ်တဲ့ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး စျေးအရောင်းအဝယ် လုပ်ကိုင်နေကြတဲ့ ဒေသခံနဲ့ စစ်ဘေးရှောင်တွေ အများစုဟာ ရောင်းအား ကျဆင်းလာပြီး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
“ဆိုင်ငှားတာက တချို့ဆို တခန်းထဲ (၅)သိန်းရှိတာပေါ့၊ ဒီမှာတော့ ၂ သိန်းပေါ့၊ အဲ့တော့ စျေးရောင်းတာနဲ့ မြေငှားခ၊ ဆိုင်ငှားခတွေက သိပ်မကိုက်ဘူးလေး”လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စျေးရောင်းဝယ်ရေး လုပ်ကိုင်သူ အမျိုးသမီးတဦးက ဆိုပါတယ်။
ဒေသတွင်းတိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့ပေါ်က ဒေသခံတွေဟာ မြို့လုံးကျွတ် စစ်ဘေးရှောင်အဖြစ် ပြောင်းရွေ့နေထိုင်ရပြီး ကာလတို၊ ကာလရှည် နေထိုင်နိုင်ဖို့ တချို့က ကုန်စုံဆိုင်၊ ကုန်စိမ်းဆိုင်တွေဖွင့်ပြီး ရောင်းဝယ်ရေးပြုလုပ်နေကြတာပါ။
“ခက်ခဲတယ်ဆိုတာက စျေး ရောင်းအားနဲ့ မမျှတာ၊ ကားသယ်ယူစရိတ်နဲ့၊ မြေနေရာ ငှားတာ၊ အိမ်ငှားတာ၊ ဆိုင်ငှားတာတွေက စျေးများတယ်” လို့ အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။
လက်ရှိ ဒီးမော့ဆို အနောက်ခြမ်းက လမ်းမကြီးဘေး မြေနေရာမှာ တလတာ ငှားရမ်းခ အနည်းဆုံး ကျပ် ၅၀၀၀၀ ကနေ ကျပ် ၁၅၀၀၀၀ ခန့်ရှိနေပြီး၊ လူနေအိမ်၊ ဆိုင်ခန်း ငှားရမ်းခအတွက် အနည်းဆုံး ၂ သိန်းကျပ်ကနေ ၅ သိန်း အထိ ရှိတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ မြေယာ ရောင်းဝယ် ၊ ငှားရမ်းမှု များပြားလာပြီး မြေကွက်ဈေးနှုန်းကလည်း ဈေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းဟာ တခြားမြို့နယ်အသီးသီးကနေ လာရောက်တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေ အများဆုံးရှိနေတဲ့ ဒေသဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ