KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၈ ) ရက်၊ (ဗုဒ္ဓဟူးနေ့)
– ဒီးမော့ဆို ၊ ငွေတောင်ကျေးရွာအနီးမှာ မကြာခဏ တောမီးလောင်နေတာကြောင့် နေအိမ်တွေ ကူးစက်မီးလောင်မှာကို စစ်ဘေးရှောင်တွေစိုးရိမ်
– မြေပြင်စစ်ရေးအခြေအနေကြောင့် ငါးဖမ်းတာ၊ ငါးရှော့တိုက်တာနဲ့ ငှက်လိုက်တာမလုပ်ဖို့ နန်းမယ်ခုံမြို့နယ်အုပ်ချုပ်ရေး
– စစ်ရှောင်လူထုတွေ တည်ထားတဲ့ ရွာသစ်ကို PNO မီးရှို့၊ မီးရှို့ခဲ့တဲ့ PNO တပ်ဖွဲ့ထဲက ဗိုလ်ကြီးတစ်ဦး စနိုက်ပါ ထိမှန်သေဆုံးခဲ့ဟုဆို
– ဖားဆောင်း ( သံလွင် )တံတား ပျက်စီးသွားတာကြောင့် နောက်ဆက်တွဲ ဒေသတွင်း အခက်အခဲတွေ ပိုများလာတော့မယ်လို့ ဒေသခံတွေဆို
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကိုကြားကြရမှာ
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်



