KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၀ ) ရက်၊ (သောကြာနေ့)
– ဖရူဆိုစစ်ရှောင်တချို့ ၅ ဂါလံ ရေတစ်ပုံးကို ၁၀၀၀ မှ ၂၀၀၀ ကျပ်အထိ သယ်ယူစရိတ်ပေးနေရပြီး စက်၊ ကား မရှိသူတွေ အခက်တွေ့နေ
– ဖားဆောင်း (သံလွင်) တံတားအနီးအနားကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထား
– ကရင်လူငယ်နဲ့ ကရင်နီလူငယ်တို့ နှစ်ရက်တာ လူငယ်နှီးနှောဖလှယ်ပွဲ ( Youth Exchange ) ပြုလုပ်
– ကရင်နီပြည်မှာ တပ်တစ်တပ်တည်း တည်ရှိရေးအတွက် လူထုတွေက သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးထံ စာလွှာပေးပို့ တောင်းဆို
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကိုကြားကြရမှာ
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်



