Homeသတင်းလွိုင်ကော်မြို့၊ လင်ဖုံလေးကျေးရွာမှာ မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရ

လွိုင်ကော်မြို့၊ လင်ဖုံလေးကျေးရွာမှာ မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း ( မ် )

စစ်ကော်မရှင်တပ် ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့နယ် ၊ လင်ဖုံလေးကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က နေအိမ်ခြံဝန်းထဲ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်မိသူမှာ ၅၅ နှစ် အရွယ် အမျိုးသမီးဖြစ်ပြီး နေအိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်နေစဉ် မိုင်း ပေါက်ကွဲခဲ့ပြီး ထိမှန်ဒဏ်ရာရခဲ့တာပါ။ လက်ရှိမှာတော့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

“အဲ့ဖက်က မိုင်းတွေ သေချာမရှင်းပေးရသေးဘူးလို့တော့ ကြားတယ်။” လို့ လွိုင်ကော်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်က ရပ်ကွက် ၊ ကျေးရွာတွေမှာ မိုင်းရှင်းလင်းရေးကို လုပ်ဆောင်ထားတယ်လို့ စစ်ကော်မရှင်က ပြောဆိုထားပေမယ့် နေအိမ်ကို ပြန်လာနေထိုင်သူတွေ ၊ သန့်ရှင်းရေးပြန်လုပ်တဲ့ အရပ်သားတွေ မကြာခဏ မိုင်းထိပြီး ဒဏ်ရာရကြတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

တစ်လေးလုံးစစ်ဆင်ရေးအတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မြို့တွင်းက မင်းစု ၊ နောင်ယား၊ နာနတ်တော ၊ မိုင်းလုံး၊ ဒေါဥခူ၊ ချိကယ်ကျေးရွာအုပ်စု စတဲ့ ရပ်ကွက်ကျေးရွာတွေမှာ မိုင်းကြောင့် ထိခိုက်မှု အများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာလည်း လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်မှာ နေအိမ် ခြံရှင်းရာကနေ အမျိုးသားတဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ