spot_img
Homeသတင်းဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်၊ အမျိုးသားတဦး ထိမှန်

ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်၊ အမျိုးသားတဦး ထိမှန်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာဘက်ကို စစ်ကော်မရှင်တပ်ရဲ့ အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပြီး အသက် ၉၀ အရွယ် အမျိုးသားတဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ထိသွားတာက အသက် ၉၀ အရွယ်ပေါ့နော၊ အသက်တော့ ကြီးနေပြီ တံခါးအဝင်အထွက်နားမှာ ကျတာ လက်မောင်းထိသွားတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မေလ ၉ ရက်နေ့ ၊ ညနေပိုင်းအချိန်မှာ ကျေးရွာရှိရာဖက်ကို လက်နက်ကြီး ၉လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး ကျေးရွာတရွာအတွင်းကိုတော့ ၆လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလော ဖရူဆိုမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေသလို လက်နက်ကြီး ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေတာကြောင့် လူထုတွေဟာ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့မှာတော့ ဖရူဆိုမြို့နယ်အရှေ့ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က တောင်ယာသွားတဲ့ ဒေသခံတစ်ဦးကို ဖမ်းဆီးခဲ့ပြီး မေလ ၁ဝ ရက်နေ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ် စစ်ကြောင်းက မေလ ၈ ရက်နေ့မှာ စစ်ရှောင်စခန်းတနေရာကို ရောက်ရှိလာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ၊ စစ်ဘေးရှောင်အမျိုးသားတဦးကို ဖမ်းဆီး ရိုက်နှက်တာလည်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ