spot_img
Homeသတင်းဖရူဆိုမြို့နယ်အရှေ့ခြမ်းက လုပ်ငန်းခွင်ဝင်နေကြတဲ့ တောင်သူတွေကို စစ်ကော်မရှင်တပ် ဒရုန်းနဲဗုံးကြဲတာကြောင့် လုံခြုံရေးစိုးရိမ်နေရ

ဖရူဆိုမြို့နယ်အရှေ့ခြမ်းက လုပ်ငန်းခွင်ဝင်နေကြတဲ့ တောင်သူတွေကို စစ်ကော်မရှင်တပ် ဒရုန်းနဲဗုံးကြဲတာကြောင့် လုံခြုံရေးစိုးရိမ်နေရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက တောင်ယာခင်းထဲ သွားလာကြတဲ့ တောင်သူတွေကို စစ်ကော်မရှင်တပ်က ကင်းထောက်ပြီး ဒရုန်းနဲ့ဗုံးကြဲတာကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ တကြိမ် ၊ ဇွန်လ ၁၆ ရက်နေ့ တကြိမ် စစ်ကော်မရှင်က ဒရုန်းနဲ့ဗုံးကြဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိပေမယ့် တောင်ယာသွားလာကြတဲ့ တောင်သူတွေဟာ လုံခြုံရေး စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။

“၃ နာရီ ၁၅မိနစ်မှာ တစ်ခါ၊ မိနစ် ၃၀ ချိန်မှာတစ်ခါ နှစ်လုံးကျတာပေါ့၊ လူတော့ မထိဘူး ထွက်ပြေးလိုက်တာ။ ကြဲတာတော့ ဒုတိယရက်မှာ နှစ်လုံးပေါ့နော” လို့ တောင်သူတဦးက ပြောပါတယ်။

စားဝတ်နေရေးအတွက် တောင်သူတွေ အားထားလုပ်ကိုင်နေရတဲ့ တောင်ယာလုပ်ငန်း လုပ်ကိုင်နေချိန် ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် အခက်တွေ့စေတယ်လို့ ပြောပါတယ်။

“တောင်ယာသွားတော့လဲ ဘားမလုံခြုံဘူး ဘာလုပ်ရမလဲ မသိဘူး၊ တောင်ယာ မသွားလို့လဲမရဘူးလေး၊ ဘာစားရမှာလဲ”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

စစ်ကော်မရှင်တပ်က လူထုရှိရာဖက်ကို ဒရုန်းနဲ့ဗုံးကြဲမှုအပြင် လက်နက်ကြီးပစ်ခတ်မှုလည်း မကြာခဏ ပြုလုပ်နေတာကြောင့် လူနေအိမ်ထိမှန်ပျက်စီးတာ၊ ဒေသခံ ထိခိုက်ဒဏ်ရာရတာလည်း ရှိခဲ့ပါတယ်။

လတ်တလော ဖရူဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို အကြောင်းမဲ့ ဒရုန်း ၊ လက်နက်ကြီး ပစ်ခတ်တာကြောင့်လည်း ဒေသခံတွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်မှာ ၂၀၂၆ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုအကြိမ်ရေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ