ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ ပဆေးလာဈေးဆိုင်တန်းက အလှပြင်ဆိုင်တနေရာမှာ Honda 100 model (2019) ဆိုင်ကယ်တစီး ခိုးယူခံရတယ်လို့ ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူက ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ ၊ နေ့လည် ၂ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့တာပါ။
“ဆိုင်ရှေ့မှာပဲ။ သတိမထားလိုက်မိတာ။ ည ၅ ခွဲ ၆ ရောက်တော့ အပြင်သွားမို့ မရှိတော့ဘူး” လို့ ပိုင်ရှင်ဖြစ်သူ ပြောပါတယ်။
ဆိုင်ကယ်ကို ဆိုင်ရှေ့မှာ ရပ်ထားတာဖြစ်ပြီး သတိမထားမိတဲ့အချိန်မှာ ပျောက်ဆုံးခဲ့တာဖြစ်သလို လက်ရှိအချိန်ထိ ပြန်မတွေ့သေးဘူးလို့ သူက ပြောပါတယ်။ ခိုးယူခံရတဲ့ ဆိုင်ကယ်က အနက်၊ အနီစပ်ရောင်ဖြစ်ပြီး Tool Box မကောင်းတော့ဘူးလို့လည်း သူကဆက် ပြောပြပါတယ်။
အဆိုပါ ဆိုင်ကယ်ကို လာရောင်းသူရှိပါက အကြောင်းကြားဖို့ ၊ မဝယ်မိကြဖို့ နဲ့ သက်ဆိုင်ရာတာဝန်ရှိသူကို အကြောင်းကြားပေးဖို့ ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူက မေတ္တရပ်ခံထားပါတယ်။
“ အနောက်ဘက်ခြမ်း တကြော ၊ ပီကင်း၊ မိုးဗြဲ ဘက်ဖြစ်ဖြစ် ဆိုင်ကယ်ရောင်းဝယ်၊ လဲထပ် လုပ်တဲ့ဆိုင် ဒီဆိုင်ကယ် လာရောင်းတာဖြစ်ဖြစ် ၊ပေါင်တာဖြစ်ဖြစ် ယူထားပေးကြဖို့၊ မဝယ်မိဖို့ပေါ့။ သက်ဆိုင်ရာ အဖွဲ့စည်း အသီးသီးကလည်း ဆိုင်ကယ်အသွားအလာ စုံစမ်းစစ်ဆေးပေးကြဖို့ ၊ တွေ့ရှိရင် အကြောင်းပြန်ကြားပေးဖို့ပေါ့” လို့ သူက ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက အသွားအလာများတဲ့ ဆိုင်တန်း ၊ ဈေးတန်းတွေမှာ ဖုန်းဆိုင်တွေကို ဖောက်ထွင်းတာ ၊ ဆိုင်မှာ ငွေကြေးခိုးယူတာအပြင် ဆိုင်ကယ်ခိုးယူခံရတဲ့ ဖြစ်စဉ် များလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။





