spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်ရှိ မူကြိုကျောင်းတကျောင်းမှာ သင်ထောက်ကူပစ္စည်းလိုအပ်နေပြီး အကူအညီတောင်းခံ

ဒီးမော့ဆိုမြို့နယ်ရှိ မူကြိုကျောင်းတကျောင်းမှာ သင်ထောက်ကူပစ္စည်းလိုအပ်နေပြီး အကူအညီတောင်းခံ

-

ကန္တရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတရွာမှာ အသစ်ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းအတွက် ကျောင်းသုံး သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ မူကြိုဆရာမတဦးက ပြောပါတယ်။

အဲ့ဒီ မူကြိုကျောင်းကို ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ ပူးပေါင်းပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ကလေးတွေအတွက် လိုအပ်တဲ့ ကျောင်းသင်ထောက်ကူပစ္စည်းတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ မလုံလောက်သေးတာကြောင့် အကူအညီလိုအပ်နေတယ်လို့ မူကြိုဆရာမတဦးက ပြောပါတယ်။

“ကလေးကစားရာမှာ စာသင်ပြပေးတဲ့သင်ထောက်ကူတွေ၊ ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ အာဟာရတွေ လိုအပ်ပါတယ်” လို့ မူကြိုဆရာမက ပြောပါတယ်။

မူကြိုကျောင်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ပြင်ပအဖွဲ့အစည်းတွေဆီက အကူအညီနဲ့ ထောက်ပံ့မှုတွေ မရရှိသေးဘူးလို့ မူကြိုဆရာမက ပြောပါတယ်။

ဒါ့အပြင် မူကြိုကျောင်းဆောင် သီးသန့်မရှိသေးတာကြောင့် ကျေးရွာခန်းမဆောင်ကို ယာယီအသုံးပြုပြီး ကလေးတွေကို သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။ အဲ့ဒီမူကြိုကျောင်းမှာ ကလေး ၁၀ ဦးကို ဆရာမ ၁ ဦးက သင်ကြားပေးနေပြီး၊ ဆရာမရဲ့ လစဉ်ထောက်ပံ့ကြေးကိုတော့ ကျောင်းသားမိဘတွေဆီက ထည့်ဝင်တဲ့ငွေနဲ့ ရရှိနေတယ်လို့ သိရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ