spot_img
Homeသတင်းတောင်ယာလုပ်ငန်းခွင်ဝင်နေတဲ့ ဖရူဆိုတောင်သူတွေကို စစ်အုပ်စုတပ် ဒရုန်းနဲ့ဗုံးကြဲလို့ တဦးထိမှန်

တောင်ယာလုပ်ငန်းခွင်ဝင်နေတဲ့ ဖရူဆိုတောင်သူတွေကို စစ်အုပ်စုတပ် ဒရုန်းနဲ့ဗုံးကြဲလို့ တဦးထိမှန်

-

ကန္တာရဝတီတိုင်းမ်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ခြမ်းက တောင်ယာစိုက်ခင်းတနေရာမှာ လယ်ထယ်နေတဲ့တောင်သူတွေကို စစ်အုပ်စုတပ်က ဒရုန်းနဲ့ဗုံးကြဲခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသားတဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့ နေ့လည်ခင်းအချိန်မှာ တောင်ယာလုပ်ငန်းခွင်ရှိရာဖက်ကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာပါ။

“တောင်ယာထယ်နေရင်း ဒရုန်းနဲ့ချတာလေး၊ ကျောပြင်နဲ့ လက်မောင်း၊ အစတော့ ကျန်နိုင်တယ်၊ ခြေထောက်ပါ ထိတယ်” လို့ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။

အဆိုပါ ထိမှန်တဲ့အမျိုးသားရဲ့ ခါး ကျောပြင်၊ လက်မောင်း နဲ့ ခြေထောက် သုံးနေရာမှာ ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၃) ရက်နေ့မှာလည်း ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ မြေပဲစိုက်ပျိုးနေတဲ့တောင်သူတွေကို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် အသက် ၄၀ ဝန်းကျင် အမျိုးသမီးထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။ အလားတူ သြဂုတ်လ ၆ ရက်နေ့မှာတော့ ဖရူဆိုအနောက်ခြမ်းက ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့လို့ လသားအရွယ်ကလေးအပါဝင် ၅ ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။

စစ်အုပ်စုတပ်က အရပ်သားရှိတဲ့နေရာတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဖရူဆိုဒေသခံတွေက ပြောပါတယ်။ ယခု ဩဂုတ်လပထမပတ်အတွင်း ဖရူဆို၊ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်အုပ်စုတပ်က ဒရုန်းနဲ့ဗုံးကြဲမှုအပြင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ