spot_img
HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ( ၁၉ ) ရက်၊  (ဗုဒ္ဓဟူးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ( ၁၉ ) ရက်၊  (ဗုဒ္ဓဟူးနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ( ၁၉ ) ရက်၊  (ဗုဒ္ဓဟူးနေ့)

– လွိုင်ကော်မြို့တွင်းမှာ စက်သုံးဆီရရှိဖို့ တန်းစီစောင့်ဆိုင်းနေရပြီး အပြင်ပေါက်ဈေး ၅,၀၀၀ ကျပ်အထိ ရှိလာ
–  ကရင်နီမှာ သစ်တောပြုန်းတီးမှုကာကွယ်ဖို့ ထင်းအစားထိုး လောင်စာတောင့်လုပ်ငန်းကို IEC စတင်
– Starlink မူဝါဒပြောင်းလဲမှုကြောင့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက အင်တာနက်ဆိုင်တချို့မှာ GB နဲ့ ဝယ်သုံးနေရ
– ဖယ်ခုံမြို့နယ်က ကစူးပါကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ဖျားနာနေပြီး အရေးပေါ်ဆေးဝါးအကူအညီ လိုအပ်နေ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသသတင်းနဲ့ ကုန်ဈေးနှုန်းသတင်းတွေကိုကြားကြရမှာပါ။  ဒါ့အပြင်  အပတ်စဉ်တင်ဆက်ပေးတဲ့ သုတအဖြာဖြာ အစီစဉ်ကနေ “ ဝက်ရောဂါ ကုသရေးနဲ့ မွေးမြူရေးခြံများအတွက် သတိထားသင့်တဲ့အကြောင်း”  CDM တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးနှင့် တွေ့ဆုံမေးမြန်းထားတာကို ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ