KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်၊ (ကြာသပတေးနေ့)
– လွိုင်ကော်မြို့မှာ နိုင်ငံကူးလက်မှတ် ပြုလုပ်သူတွေကို တော်လှန်ရေးနဲ့ ဆက်နွယ်ပြီး စစ်ဆေးမေးမြန်းနေသလို အခကြေးငွေအပိုဆောင်း ပေးဆောင်နေရတဲ့အကြောင်း၊
– SSYLC ကျောင်းရဲ့ Youth Capacity building Training အပတ်စဉ် ( ၃ ) သင်တန်းဆင်းပွဲပြုလုပ်ခဲ့တဲ့
– “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုတည်ဆောက်ရေးသို့”ဆို
– ဒီးမော့ဆိုမြို့နယ်၊ သရက်တောစစ်ရှောင်စခန်းမှာ အတက်ရောဂါခံစားနေရတဲ့ ၉လသားကလေးငယ်အတွက် အကူအညီ လိုအပ်နေ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ သတင်းကိုလည်း နားဆင်ကြရမှာပါ။ အဲဒီနောက် ဒေသတွင်းသတင်းတွေနဲ့အတူ၊ “စပါးပြန်စိုက်နိုင်ပေမယ့် စားဝတ်နေရေး မဖူလုံသေးတဲ့ တောင်သူတွေရဲ့ ဘဝ”ဆိုတဲ့ အင်တာဗျူးအစီအစဉ်ကိုလည်း ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်





