spot_img
HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၉ ) ရက်၊  (ဗုဒ္ဓဟူးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၉ ) ရက်၊  (ဗုဒ္ဓဟူးနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၉ ) ရက်၊  (ဗုဒ္ဓဟူးနေ့)
– ဖရူဆိုမြို့နယ်အနောက်ခြမ်းက စစ်ရှောင်တနေရာမှာ ကြက်ဥတစ်လုံး ၂,၀၀၀ ကျပ် ပေးဝယ်နေရဆဲဖြစ်ပြီး ဈေးမကျသေး
-ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း(ကေးလျား)မြို့နယ်က ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ် ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲ၊ နေအိမ်တလုံးပျက်စီး
– ကျောင်းလခ အခက်အခဲကြောင့် ကလေးတွေကိုကျောင်းရပ်နားဖို့ မိဘတချို့ စဉ်းစားလာ
– SCEF မှာ အဖွဲ့ဝင်အသစ်အဖြစ် စစ်ကိုင်း၊ မန္တလေး နဲ့ မကွေးဖက်ဒရယ်ယူနစ်ကို အတည်ပြု
-(၇၈)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့မှာ ကျဆုံးရဲဘော်တွေကို ဂုဏ်ပြု
– ဖရူဆိုမြို့နယ် အထက်တန်းစာသင်ကျောင်းတနေရာမှာ မိုးရာသီအားကစားပြိုင်ပွဲနဲ့ ဆုပေးပွဲကျင်းပ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသသတင်းတွေကို ကြားကြရပါမယ်။ ဒါ့အပြင် အပတ်စဉ်တင်ဆက် ပေးနေတဲ့သုတအဖြာဖြာအစီအစဉ်မှ “မိသားစုအတွင်း မြေမြှုပ်မိုင်းနှင့်တခြားပေါက်ကွဲစေတတ်သောပစ္စည်းများအန္တရာယ်ကို ဘယ်လိုဆွေးနွေးရမလဲ” ဆိုတဲ့အကြောင်းနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အရေးပါတဲ့ ကုန်ဈေးနှုန်းသတင်းတွေကို ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ