ကန္တာရ၀တီတိုင်း (မ်)
ကရင်နီပြည်တပ်မတော် KA ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ ဒီကနေ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ၉၆ ပါး အနာရောဂါဖြင့် ကွယ်လွန်သွားခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီဗဟိုဌာနချုပ်က အသိပေးထုတ်ပြန်ပါတယ်။

ဗိုလ်မှူးကြီးဘုန်းနိုင်က ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ KA ရဲ့ ဒုတိယ စစ်ဦးစစ်ချုပ်တာ၀န်အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အမြဲတမ်းဗဟိုပါတီကော်မတီ၀င် အနေနဲ့လည်း တာ၀န်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
ဗိုလ်မှူးကြီးဘုန်းနိုင်ကျဆုံးချိန်မှာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပါတယ်။ ဗိုလ်မှူးကြီးဘုန်းနိုင်ရဲ့ ရုပ်ကလာပ်ကို စက်တင်ဘာ ၃၀ ရက်နေ့မှာ ထိုင်း-ကရင်နီ နယ်စပ်တနေရာမှာ မြေမြှုပ်သင်္ဂြိုလ်မှာ ဖြစ်တယ်လို့လည်း KNPP က အသိပေးထားပါတယ်။
ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ ကရင်နီတော်လှန်ရေး သမိုင်းတလျှောက် နှစ်ပေါင်းကြာရှည်စွာ ဦးဆောင်နေတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။







