ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း (ကေးလျားမြို့နယ်) မှာ စစ်အစိုးရတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သြဂုတ်လနဲ့ စက်တင်ဘာလ (၂) အတွင်း အရပ်သား (၇) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် မနေ့က တယောက် အပါအဝင်ဆို ဒီ ၂ လအတွင်း စစ်ဘေးရှောင် (၇) ယောက် ထိခိုက်ဒဏ်ရာရတယ်။” လို့ စစ်ရှောင်ကော်မတီတဦးက ပြောပါတယ်။
ထိခိုက် ဒဏ်ရာရာရသူတွေမှာ အမျိုးသား (၃) ဦးနဲ့ အမျိုးသမီး (၄) ဦး ဖြစ်ပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့ ကလည်း အသုဘရှိတဲ့ ကျေးရွာတရွာကို စစ်အစိုးရတပ်ရဲ့ ရှေ့ကာကင်းတပ်က ဒရုန်းနဲ့ လာရောက်ပစ်ချခဲ့လို့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း ( ကေးလျားမြို့နယ်) မှာ စစ်ဘေးရှောင်အိမ်ခြေ ( ၈၀၀) ကျော် ရှိပြီး လူဦးရေ ၄,၀၀၀ ကျော် ရှိနေပါတယ်။
စစ်ဘေးရှောင်တွေကို စစ်အစိုးရတပ် က မကြာခဏ ဒရုန်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် စိုးရမ်ပူပန်မှုတွေ ရှိနေကြပါတယ်။







