KT-FM ကရင်နီဘာသာ အစီအစဉ် အောင်တိုဘာလ (၁) ရက်၊ ၂၀၂၆ ခုနှစ်(ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ရခိုင်တွင်း မြို့နယ်၄ခုကို စစ်အုပ်စုက ဗုံးကြဲ၊ လူ၁၀၀ ကျော်သေဆုံးဒဏ်ရာရ
– လမ်းပိုင်းအခက်အခဲကြောင့် မြစ်ကြီးနားတွင် ဆန်ဈေးနှုန်း သိသိသာသာ မြင့်တက်
– ဒီးမော့ဆိုမြို့နယ်ကို အာဏာသိမ်းစစ်တပ် လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သားထိခိုက်မှုရှိ ဆိုတဲ့သတင်းနဲ့အတူ “ကရင်နီစစ်မျက်နှာပြင်က PNO တပ်လှုပ်ရှားမှု” ဆိုတဲ့ ဆောင်းပါးနဲ့အတူ၊ မိုးလေဝသ သတင်း၊ ဒီးမောဆိုမြို့နယ်အနောက်ခြမ်း ရှယ်ရီကုန်းဈေးတန်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း၊ ယင်းတလဲဘာသာနှင့် ကယားဘာသာ အစီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်





