KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ( ၉ ) ရက်၊ (သောကြာနေ့)
-ဒီဇင်ဘာလမှာ အယ်လ်နီညို အားအကောင်းဆုံးအခြေအနေ ရောက်မည်
-မိုးဗြဲမြို့ အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ် လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၂ ဦး သေဆုံး
-မြန်မာနိုင်ငံမှာ တလအတွင်း အမျိုးသမီး ၅၈ ဦးသေဆုံး၊ ကရင်နီပြည်က ၅ ဦးပါဝင်
-IEC ရဲ့ ပြည်ထဲရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲအတွက် ဝန်ထမ်း ၃ ဦး ခေါ်ယူ
– SRA အဖွဲ့ဝင်တွေ စစ်ဥပဒေချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ပါက အရေးယူနိုင်ရေးအတွက် စစ်ရေးကော်မတီ ဖွဲ့စည်းမည် စတဲ့သတင်းတွေနဲ့အတူ မိုးလေဝသ သတင်း၊ ကုန်ဈေးနှုန်း သတင်းတွေကို ကြားကြရမှာပါ။ ဒါ့အပြင် “ အလင်းမမြင်ရတော့တဲ့ ဘဝမှာ ဂီတနဲ့ အလင်းရှာနေသူ” ဆိုတဲ့ လူဘဝဇာတ်လမ်းမှန်တပုဒ်ကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်





