KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ( ၁၃ ) ရက်၊ (အင်္ဂါနေ့)
– စင်္ကာပူမှာ ဒုတိယအကြိမ်မြောက် ကယားရိုးရာ အဲ့ဒိုပေါ်မီ(ခေါ်) ဒီးကူပွဲ ပြုလုပ်
– ရိုးရာအစားအသောက်ပြုလုပ်နည်း သင်တန်းအတွက် သင်တန်းသား (၃၀)ဦး ခေါ်ယူမည်
– ဖွံဘော်ခွတ်မြို့နယ်မှာ အရေပြားယားနာမှုအပြင် ပါးချိတ်ရောင်ရမ်းမှုပါ ဖြစ်ပွားနေ
– ရေငတ်ခံပြီး သက်တမ်းတိုတဲ့ သီးနှံတွေ စိုက်ပျိုးဖို့ စိုက်ပျိုးရေး ပညာရှင်အကြံပြု
စတဲ့သတင်းတွေနဲ့အတူ မိုးလေဝသသတင်းတွေကို ကြားကြရမှာပါ။ ဒါ့အပြင် အပတ်စဉ်တင်ဆက်ပေးနေတဲ့ လူငယ်အစီအစဉ်ကနေ “လူငယ်၊ အမျိုးသမီးနှင့် လူထုစီးပွားရေး အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးနေတဲ့ K-Blessing အဖွဲ့မန်နေဂျာမော်ဘျားမာနှင့် တွေ့ဆုံမေးမြန်းထားတာကို” ဆက်လက်နားဆင်ကြရမှာဖြစ်ပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်





