spot_img
Homeသတင်းကရင်နီပြည်အတွင်း အသေးစားစီးပွားရေးလုပ်ငန်း (၅၀) ခု ကို မတည်ငွေ ထောက်ပံ့မယ်လို့ IEC ဆို

ကရင်နီပြည်အတွင်း အသေးစားစီးပွားရေးလုပ်ငန်း (၅၀) ခု ကို မတည်ငွေ ထောက်ပံ့မယ်လို့ IEC ဆို

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အတွင်း စီးပွားရေးကြံ့ကြံ့ခံနိုင်တဲ့ အသေးစားစီးပွားရေးနဲ့ တပိုင်တနိုင်လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းပေါင်း (၅၀) ခုအတွက် မတည်ငွေ ထောက်ပံ့ပေးသွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန (TITC) က ပြောပါတယ်။

အဆိုပါ ထောက်ပံ့မှုအစီအစဉ်ကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသုံးဆီထုတ်လုပ်ရေးနဲ့ တိရိစ္ဆာန်အစာထုတ်လုပ်ရေးဆိုင်ရာ တပိုင်တနိုင် အသေးစားလုပ်ငန်း လုပ်ကိုင်လိုသူတွေအတွက် လုပ်ငန်းအဆိုပြု လျှောက်လွှာတွေကို ခေါ်ယူနေတာပါ။

လုပ်ငန်းအဆိုပြုလွှာ လျှောက်ထားရာမှာတော့ လုပ်ကိုင်လိုတဲ့ လုပ်ငန်း သို့မဟုတ် လုပ်ကိုင်နေတဲ့ လုပ်ငန်းရဲ့ တွက်ချက်မှု ၊ နေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက် (၁) စောင် နဲ့ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မယ့် ကတိခံဝန်ချက် (၁) စောင် တို့ ပါဝင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

TITC ဌာန အနေနဲ့ လည်း လုပ်ငန်းအဆိုပြုလွှာတွေကို ပြန်လည်စိစစ်ရွေးချယ်သွားမှာ ဖြစ်ပြီး ရွေးချယ်ခံရတဲ့ လုပ်ငန်းရှင်တွေကိုလည်း အသေးစားစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းတွေကို ပို့ချပေးသွားမယ်လို့ ဆိုပါတယ်။

လုပ်ငန်းအဆိုပြုလွှာ လျှောက်လွှာကိုတော့ ဌာနရုံး သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာ ရယူနိုင်ပါတယ်။ လျှောက်လွှာတင်သွင်းခြင်းကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်ကြောင်းကိုလည်း IEC ရဲ့ ( TITC ) ဌာနက အသိပေးထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ