spot_img
29 C
Loikaw
Tuesday 20, January 2026
spot_img
Homeအင်တာဗျူးပုဒ်မ (၁ဝ) ဖြင့် တရားစွဲခံထားရသည့် ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းနှင့် တွေ့ဆုံ မေးမြန်းခြင်း

ပုဒ်မ (၁ဝ) ဖြင့် တရားစွဲခံထားရသည့် ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းနှင့် တွေ့ဆုံ မေးမြန်းခြင်း

-

“ကျနော်တို ့အရင်က ယုံကြည်ခဲ့တာက NLD အစိုးရက ကျနော်တို ့တိုင်းရင်းသား အရေးကိုနားလည်မယ်၊ တိုင်းရင်းသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ပေးမယ်ပေါ့၊ ဒါပေမဲ့ အာဏာရလာတဲ ့အချိန်ကျတော့ ကျနော်တို ့ကိုဖိနှိပ်တယ်၊ အာဏာသုံးခြိမ်းခြောက်တယ်၊ မဲနိုင်ဖို ့ကူညီခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေ အားလုံးကိုလဲ ဖမ်းဆီးထောင်ချတယ် ….”

ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်မှ နိုင်လွတ်လုံ ပုဒ်မ (၁ဝ) ဖြင့် တရားစွဲခံထားရသည့် ကရင်နီလူငယ် ၆ ဦးကို ရုံးထုတ်ခဲ့သည်။ လူငယ်တစ်ဦးဖြစ်သည့် ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းကို KANTARAWADDY TIMES မှ တွေ့ဆုံမေးမြန်းထားသည်။

KANTARAWADDY TIMES – ကိုမျိုးလှိုင်ဝင်းခင်ဗျ။ ထောင်ထဲမှာ နေရတာ အခြေအနေဘယ်လိုရှိလဲ။

မျိုးလှိုင်ဝင်း – ထောင်ထဲမှာကတော့ အခြေအနေ အေးဆေးပါ။

KANTARAWADDY TIMES – ဝန်ကြီးချုပ်နဲ ့ ဝန်ကြီးဦးမော်မော်ကို တိုင်းရင်းသားချစ်ကြည်ရေးအတွက် အန္တရာယ်ရှိသူတွေ၊ အမျိုးသား သစ္စာဖောက်တွေဆိုပြီး စာထုတ်ပြန်လို ့တရားစွဲခံရတဲ့ပေါ်ဘာများပြောချင်လဲ။

မျိုးလှိုင်ဝင်း – ဘာပြောချင်လဲဆိုတော့ ကယားပြည်နယ်က စစ်အုပ်ချုပ်ရေးဒေသဖြစ်နေလားလို ့တောင်ပြောချင်တယ်။ ဘာဖြစ်လို ့ဒီလိုပြောရသလဲဆိုတော့ ကိုယ့်လွတ်လပ်ပိုင်ခွင့်ကို ဖော်ထုတ်တာကို အာဏာနဲ ့ခြိမ်းခြောက်တယ်၊ တရားစွဲတယ်ဆိုတော့ ဒီ NLD အစိုးရဟာ စစ်အုပ်ချုပ်ရေးနည်းလမ်းကို သုံးနေတယ်လို ့မှတ်ယူပါတယ်။

KANTARAWADDY TIMES – ဒီအစိုးရလက်ထက်မှာ အမျိုးသားပြည်လည်သင့်မြတ်ရေးအခြေအနေ အလားအလာဘယ်လိုရှိတယ်လို ့မြင်လဲ။ ကရင်နီလူထုတွေကန် ့ကွက်နေတဲ ့ကြားက ကြေးရုပ်ကို လာစိုက်ထူတယ်ဆိုတော့လေ။

မျိုးလှိုင်ဝင်း – ဒီ NLD အစိုးရလက်ထက်မှာ ကြေးရုပ်ထုကို လူထုတွေကန် ့ကွက်နေတဲ့ကြားက အတင်းလာထားတယ်ဆိုတော့ ဒါ လူမျိုးကြီးဝါဒကို ၊ ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒီကို ကျင့်သုံးနေတယ်၊ ပြီးတော့ ဒီငြိမ်းချမ်းရေးတည်ဆောက်မှုကို ထိခိုက်စေမယ် ၊ မတူကွဲပြားမှုနဲ ့ရှိနေတဲ့ဒီနိုင်ငံအခြေအနေကို လက်မခံရင်တော့ ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ သဲထဲရေသွန်ဖြစ်နေမယ်လို ့ဘဲပြောချင်တယ်။

KANTARAWADDY TIMES – ထောင်ထဲမှာနေတာ သတင်းတွေဖတ်ခွင့်ရလား။

မျိုးလှိုင်ဝင်း – သတင်းဖတ်ခွင့် ရပါတယ်။ ရတယ်။

KANTARAWADDY TIMES – ဒါဆိုဟိုနေ ့ကတိုင်းရင်းသားစာပေဖလှယ်ပွဲကို အစိုးရက ပိတ်လိုက်တာဖတ်မိမှာပေါ့၊ အဲ့ပေါ်ဘာများပြောချင်တယ်။

မျိုးလှိုင်ဝင်း – တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေရဲ ့စာပေဖလှယ်ပွဲကို လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိရမယ်။ အဲ့လိုလုပ်တယ်ဆိုတော့ ဒီ အစိုးရဟာ တိုင်းရင်းသားတွေရဲ ့အခွင့်အရေးကို နားမလည်ဘူး၊ တိုင်းရင်းသားတွေနဲ ့အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်တာကို အဟန် ့အတားဖြစ်စေတယ်လို ့ပြောချင်ပါတယ်။

KANTARAWADDY TIMES – အရင်က ကရင်နီလူငယ်တွေအနေနဲ ့ NLD ရွေးကောက်ပွဲမဲနိုင်ဖို ့ ဝန်းရံခဲ့ကြတာပေါ့လေ။ အခုသူတို ့အာဏာရတော့ လူငယ်တွေကို ပြန်ဖိနှိပ်တယ်လို ့မြင်လား။ ဘာများပြောချင်လဲ။

မျိုးလှိုင်ဝင်း – ကျနော်တို ့အရင်က ယုံကြည်ခဲ့တာက NLD အစိုးရက ကျနော်တို ့တိုင်းရင်းသား အရေးကိုနားလည်မယ်၊ တိုင်းရင်းသားပြန်လည်သင့်မြတ်ရေးကို ဖောင်ဆောင်မယ်ပေါ့၊ ဒါပေမဲ့ အာဏာရလာတဲ ့အချိန်ကျတော့ ကျနော်တို ့ကိုဖိနှိပ်တယ်၊ အာဏာသုံးခြိမ်းခြောက်တယ်၊ မဲနိုင်ဖို ့ကူညီခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေ အားလုံးကိုလဲ ဖမ်းဆီးထောင်ချတယ်။ ဒါဟာ ကျနော်တို ့နဲ ့ကရင်နီလူထု ရဲ ့ကျေးဇူးတရားကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တာဘဲလို ့ပြောချင်ပါတယ်။

KANTARAWADDY TIMES – ကျေးဇူးပါကိုမျိုးလှိုင် ဝင်းခင်ဗျ။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ