spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

“ကျနော်တို့ ပြည်နယ်ကို သစ္စာခံမဲ့ အစိုးရဖွဲ့စည်းဖို့ လိုနေပါတယ်”

Author

Date

Category

“ဒါကြောင့်ကျနော်တို့ ပြည်နယ်ကို သစ္စာခံမဲ့ အစိုးရဖွဲ့စည်းဖို့လိုနေပါတယ်။ ဒါကြောင့်လူထုတွေကို ပြောချင်တာက ၂၀၂ဝ မှာမဲပေးမယ်ဆိုရင် ကိုယ့်ပြည်နယ်ကို ချစ်တဲ့ပါတီ သစ္စာခံမဲ့ တိုင်းရင်းသားပါတီကိုဘဲမဲပေးပါလို့ပြောချင်ပါတယ်”

ကန္တရဝတီတိုင်းမ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုလ် နှင့် ဝန်ကြီးဦးမော်မော်တို့ ကို “နိုင်ငံရေးရာဇဝတ်ကောင်များ ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ်သတ်မှတ်ကြေငြာခြင်း” ဟူသည့် ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးပြီး လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြခဲ့ခြင်းကြောင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ နိုင်လွတ်လုံ ပုဒ်မ (၁၀) ဖြင့် တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကရင်နီလူငယ် (၆) ဦးကို ( ၁၇.၉.၂၀၁၉) တွင် (၁၂) ကြိမ်မြောက်ရုံးထုတ်ခဲ့သည်။

တရားစွဲဆိုခံရသည့်လူငယ်များမှာ ဒီးဒီ (ခ) စစ်မုန်း၊ ခူးပါစကွားလယ် (ခ) မျိုးလှိုင်ဝင်း၊ ကြူးဖဲကေး (ခ) ဂူဂူး၊ ခွန်းသောမတ်၊ ခွန်းဂျွန်ပေါလ် နှင့် ခူးရီးရယ်တို ့ဖြစ်ပြီး ယခုလိုတရားစွဲဆိုခံရသည့်အပေါ် အမြင်သဘောထားနှင့်ပတ်သက်ပြီး လူငယ်တစ်ဦးဖြစ်သည့် ခူးကြူးဖဲကေး (ခ) ဂူဂူးကို ကန္တရဝတီတိုင်းမ် မှ မေးမြန်းထားပါသည်။

“ဒါကြောင့်ကျနော်တို့ ပြည်နယ်ကို သစ္စာခံမဲ့ အစိုးရဖွဲ့ စည်းဖို့လိုနေပါတယ်။ ဒါကြောင့်လူထုတွေကို ပြောချင်တာက ၂၀၂ဝ မှာမဲပေးမယ်ဆိုရင် ကိုယ့်ပြည်နယ်ကို ချစ်တဲ့ပါတီ သစ္စာခံမဲ့ တိုင်းရင်းသားပါတီကိုဘဲမဲပေးပါလို့ပြောချင်ပါတယ်”

မေး – အခုစွဲချက်တင်ခံထားရပြီး အမှုစစ်ဆေးနေတာလဲ အတော်ကြာလာပြီဆိုတော့ အဲ့ဒီအပေါ်မှာ ဘာများပြောချင်လဲ။

ဂူဂူး – ဒီဖြစ်စဉ်ကတော့ အမှုတည်ဆောက်ပုံမခိုင်လုံဘူး ၊ တရားလိုပြ သက်သေမခိုင်မာဘဲနဲ့ သူတို့ စွဲချက်တင်ခဲ့တာပေါ့။ ဒါက ကျင့်ထုံးလုပ်နည်းအရဆို လုပ်လို့ မရတဲ့ ကိစ္စဖြစ်တယ်။ ပြီးတော့ကျနော်တို့ ကိုစွဲချက်တင်လိုက်တာက အစိုးရ ကတရားစွဲလို့ ပြည်နယ်ဝန်ကြီးချုပ်က တရားစွဲလို့ ကျနော်တို့ ကို စွဲချက်တင်လိုက်ရတဲ့ပုံစံဖြစ်သွားတယ်။ ဒါ့ကြောင့် တရားစီရင်ရေးစနစ်က လွတ်လပ်မှုမရှိသေးဘူး၊ အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေးစနစ်ကို ဖိအားပေးနေတယ်၊ အစဉ်တစ်စိုက်ပါဝင်ပတ်သက်နေတယ်၊ ဒီမိုကရေစီစနစ်ရဲ့ မဏ္ဍိုင်ကြီးသုံးရပ်အလုပ်လုပ်ပုံက အခုချိန်ထိ အာဏာရှင်စနစ်ဆန်နေတုန်းဖြစ်တယ်၊ ဒါကိုကျနော်တို့ဆန့် ကျင်တယ် ရှုတ်ချပါတယ်။

မေး – ပြည်သူ ့အစိုးရလို ့ကြွေးကြော်တဲ့ခေတ်မှာပေါ့လေ၊ လူငယ်တွေအနေနဲ ့ကိုယ့် ခံယူချက်ကို ထုတ်ဖော်ပြသလို ့ တရားစွဲဆိုခံရတဲ့အပေါ်မှာရော ဘာများပြောချင်လဲ။

ဂူဂူး – ကျနော်တို ့ကို ထောင်ချဖမ်းဆီးလိုက်လို ့ဒီအရေးတော်ပုံကြီးတစ်ခုလုံးက ပျက်စီးသွားမှာမဟုတ်ဘူး၊ ဒီအရေးတော်ပုံကြီးကဆက်ပြီးရှိနေမယ်၊ ကျနော်တို ့တိုက်တဲ့တိုက်ပွဲက ဒီ … အမျိုးသားတန်းတူရေးကို ဆက်လုပ်နေမှာဖြစ်တယ်၊ ဒါကြောင့်အမျိုးသားတန်းတူရေးက အဖြေဖြစ်တယ်၊ အမျိုးသားတန်းတူရေးရရှိဖို ့က ကျနော်တို ့ကို ဖမ်းဆီးထောင်ချနေလို ့မရဘူး၊ တွေ ့ဆုံညှိနှိုင်းရေးလမ်းစဉ်နဲ ့အဖြေရှာရမှာဖြစ်တယ်၊ ဒါကြောင့်တွေ ့ဆုံညှိနှိုင်းရေးကလိုအပ်တယ်၊ ဒါကြောင့်ကျနော်တို ့ကိုဖမ်းဆီးထောင်ချနေတာဟာ အာဏာရှင်စနစ်ဆန်တာဖြစ်တယ်၊ အတိုက်အခံတွေကို သဘောမကျလို ့ဖမ်းဆီးထောင်ချတာဟာ ဒီမိုကရေစီစနစ်မှာလုပ်လို ့မရဘူး၊ ဒါကြောင့်တွေ ့ဆုံညှိနှိုင်းမှုလမ်းစဉ်က အင်မတန်မှလိုအပ်တယ်၊ တွေ ့ဆုံညှိနှိုင်းမှုလမ်းစဉ်ကို အစိုးရဘက်က လိုလိုလားလားလုပ်ဖို ့လိုအပ်တယ်။

မေး – NLD ကို အစိုးရမဖြစ်တဲ့အချိန်တုန်းက ပြည်သူလူထုတွေသူတို ့အပေါ်ထားတဲ့ မျှော်လင့်ချက်က NLD အစိုးရဖြစ်လာပြီးနောက်ပိုင်း ဘာတွေများကွာခြားသွားတာရှိလဲ။ လူထုမျှော်မှန်းထားတဲ့အတိုင်းဖြစ်လာလား။ ဘယ်လိုမြင်လဲ။

ဂူဂူး – အဓိကတော့ NLD အစိုးရက အမျိုးသားရင်ကြားစေ့ရေးနဲ ့အမျိုးသားတန်းတူရေးဆိုတဲ့ခေါင်းစဉ်နဲ ့အာဏာရလာတာဖြစ်တယ်။ ဒါပေမဲ့ အခုချိန်ထိအမျိုးသားတန်းတူရေးတောင်းဆိုတဲ့သူတွေကို ဖမ်းဆီးတယ်၊ တရားစွဲဆိုတယ်၊ ထောင်ချတယ်၊ စေ့စပ်ညှိနှိုင်းရေးကို လိုလိုလားလားမလုပ်တာက အဓိက အန္တရာယ်ကျတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါကြောင့် NLD အစိုးရကို ဘယ်လိုမြင်သလဲဆိုရင်တော့ ပေးထားတဲ့ကတိကဝတ်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းမရှိတဲ့ပါတီတစ်ခုလို ့ဘဲမြင်ပါတယ်။

မေး – အခုချိန်မှာ အစိုးရက လူငယ်တွေကို ဖမ်းဆီးတရားစွဲတယ်။ စစ်တပ်ကလည်း တောင်သူတွေကို တရားစွဲနေတယ်။ ဒီအပေါ်မှာ ဘာပြောချင်လဲ။ ပြည်သူတွေကိုကော ၊ အစိုးရကိုကော သက်ဆိုင်ရာတွေကို ဘာအသိပေးချင်ပါသလဲ။

ဂူဂူး – ပြည်သူတွေကို ပြောချင်တာကတော့ ဖြစ်ရပ်ဖြစ်စဉ်တွေကို ကြည့်ပါ၊ NLD အစိုးရက ကျနော်တို ့ပြည်နယ်အပေါ် သစ္စာစောင့်သိခြင်းမရှိပါဘူး။ NLD အစိုးရတက်လာတဲ့ သမိုင်းကြောင်းတစ်လျှောက်နဲ ့၂၀၁ဝ က ကြံ ့ခိုင်ရေးအစိုးရတက်လာတဲ့ သမိုင်းကြောင်းတစ်လျှောက်ကိုကြည့်မယ်ဆိုရင် ၂၀၀၈ ဖွဲ ့စည်းပုံကို ကြောရိုးပြုပြီးတက်လာရတာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ ့စည်းပုံအရတစ်နိုင်ငံလုံးမှာ အနိုင်ရရှိတဲ့ပါတီကဘဲ အစိုးရဖွဲ ့ပိုင်ခွင့်ရှိတယ်။ ဒါကြောင့်တစ်နိုင်ငံလုံးအနိုင်ရတဲ့ပါတီကဘဲ ပြည်နယ်မှာအစိုးရဖွဲ ့ပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့်ကျနော်တို ့ပြည်နယ်ကို အစိုးရဖွဲ ့ဖို ့ပေးတဲ့အချိန်မှာ ဝန်ကြီးချုပ်ကိုခန် ့ထားရေးက သမ္မတလက်ထဲ အနိုင်ရပါတီလက်ထဲမှာဘဲရှိပါတယ်။ အနိုင်ရပါတီက ဒါမလုပ်နဲ ့ဟိုဟာမလုပ်နဲ ့ဆိုမလုပ်ရပါဘူး၊ အဓိက ကျနော်တို ့ပြည်နယ်ကို သစ္စာခံမယ့်နိုင်ငံရေးပါတီတစ်ရပ်မရှိလို ့ဘဲဖြစ်တယ်၊ ပြည်နယ်ပါတီမရှိလို ့ဘဲဖြစ်တယ်၊ ပြည်နယ်ပါတီအနိုင်မရလို ့ဘဲဖြစ်တယ်၊ ဒါကြောင့် ၂၀၂ဝ ရွေးကောက်ပွဲမှာ ကျနော်တို ့ပြည်နယ်ပါတီက အနိုင်ရဖို ့လိုတယ်၊ ကျနော်တို ့တိုင်းရင်းသားပါတီတွေအနိုင်ရဖို ့လိုတယ်၊ ဒါမှဘဲ ကျနော်တို ့လိုလားတဲ့အမျိုးသားတန်းတူရေးသွားလို ့ရမှာဖြစ်ပါတယ်။ အခုအစိုးရက ကျနော်တို ့ပြည်သူတင်မြောက်ထားတဲ့အစိုးရဖြစ်တယ်လို ့ထင်ယောင်ထင်မှားရှိပေမဲ့ ဗဟိုအစိုးရက ခန် ့အပ်ထားတဲ့အစိုးရဖြစ်တယ်။ ဒါကြောင့် ကျနော်တို ့ပြည်နယ်မှာ တစ်ခုခုဖြစ်ရင်သူတို ့က တာဝန်ယူမှုတာဝန်ခံမှုမရှိပါဘူး၊ ဗဟိုအစိုးရကိုဘဲ တာဝန်ခံမှုပေးရတယ်၊ ကျနော်တို ့ပြည်နယ်ကို ချစ်သင့်သလောက်မချစ်ဘူး၊ ဒါကြောင့်ကျနော်တို ့ပြည်နယ်ကို သစ္စာခံမဲ့ အစိုးရဖွဲ ့စည်းဖို ့လိုနေပါတယ်။ ဒါကြောင့်လူထုတွေကို ပြောချင်တာက ၂၀၂ဝ မှာမဲပေးမယ်ဆိုရင် ကိုယ့်ပြည်နယ်ကို ချစ်တဲ့ပါတီ သစ္စာခံမဲ့ တိုင်းရင်းသားပါတီကိုဘဲမဲပေးပါလို ့ပြောချင်ပါတယ်။

spot_img
spot_img

Recent posts