spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေးက အမျိုးသမီးထုနဲ့သက်ဆိုင်ပါသလား

Author

Date

Category

ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးထုတွေက မရှိမဖြစ် ပါဝင်ဖို့ အရေးကြီးတယ်လို့ ယနေ့ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတွေက ခံယူထားကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြို့ နဲ့ အလှမ်းဝေးတဲ့ ကယောဒေသဘက်မှာရှိတဲ့ အမျိုးသမီးထုတွေကို ယနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတွေကို ဖော်ပြပေးလိုက်ပါတယ်။

မိုဆိုကျေးရွာအုပ်စု ဒေါကူလယ်ရွာနေ ဒေါ်ခူလာဖေါ

မိုဆိုကျေးရွာအုပ်စု ဒေါကူလယ်ရွာနေ ဒေါ်ခူလာဖေါ

“ကျေးလက်တွေဘက်က ကျမတို့အမျိုးသမီးအပိုင်းတွေမှာ ဘယ်လိုပြောရမလဲ ပါဝင်ခွင့်အားနည်းတယ်ပေါ့။ ကျမတို့လိုချင်တဲ့အရာကိုတွေကို သိပ်ပြီး ဦးစားမပေးခံရဘူး။ အဲလိုမျိုးပေါ့။

ကျမတို့ဟန့်တားထားတယ်ဆိုတာက ခွဲခြားတာတစ်ခုနဲ့ဟန့်တားထားတယ်၊နောက်ပီး အမျိုးသမီးတွေပြောဆိုတဲ့ဟာ အကြုံပေးတဲ့ဟာတွေက သိပ်ပြီးတော့ အရေးမယူတော့ အဟန့်အတားဖြစ်စေတာပေါ့။

ဒေါခရော့ခူကျေးရွာမှ ကျေးရွာဥက္ကဌ ကိုဖရန်စစ်စကို

ဒေါခရော့ခူကျေးရွာမှ ကျေးရွာဥက္ကဌ ကိုဖရန်စစ်စကို

“ အမျိုးသမီးတွေက ငြိမ်းချမ်းရေးနဲ့လည်း သက်ဆိုင်တယ်လို့ပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ အမျိုးသားပဲ ငြိမ်းချမ်းရေးကို ဆွေးနွေးလို့မရသလို အမျိုးသမီးလဲပါဝင်သင့်ပါတာပေါ့။ အခုပါတီတွေကို ကြည့်ကြည့်ပါလား အမျိုးသားတွေပဲ ရှိတယ်။ အမျိုးသမီးတွေလုံးဝပါဝင်ခွင့်မရှိသေးးဘူး။ အဲဒါက ငြိမ်းချမ်းရေးနဲ့လဲ သက်ဆိုင်တယ်။

ဘာလို့လဲဆိုတော့ ဒီဘက်တကြောမှာ ပါလို့ ပါဝင်ခိုင်းစေချင်လဲဆိုတော့ အခုမိန်းကလေးတွေက အောက်ကျနောက်ကျဖြစ်နေတယ်။ ကျနော်တို့ဘက်ပေါ့။ ”

ဒေါခရော့ခူကျေးရွာမှ ဒေါ်ဂျူးလီယာ

ဒေါခရော့ခူကျေးရွာမှ ဒေါ်ဂျူးလီယာ

“အခုဆိုရင် အမျိုးသမီးရော အမျိုးသားကော တန်းတူပဲလေး။ အမျိုးသမီးဆို ပညာရေးကော အခွင့်အရေးအလမ်းရော တန်းတူရရမယ်။အဲလိုမျိုးပေါ့။”

ထေခိုရွာမှ မအန်ဂျေလင်းနာ

ထေခိုရွာမှ မအန်ဂျေလင်းနာ

“အရေးကြီးဆုံး ဥပမာသွားလိုက်တဲ့ ခရီးတစ်လျှောက်ပေါ့နော် ငြိမ်းချမ်းရေးမရှိရင်လည်း ဘယ်လိုမှ ဆက်သွားလို့မရပါဘူး။ နောက်ထပ်မဖြစ်အောင် ဘယ်ဟာပဲဖြစ်ဖြစ် ပြည့်ပြည့်စုံစုံအကုန်လုံးငြိမ်းချမ်းရေးဖြစ်ချင်တယ်။ ဘယ်အရာမဆို။”

ဒေါ်ဂက်ထရု

ဒေါ်ဂက်ထရု

“ ကျမတို့ အမျိုးသမီးတွေက ငြိမ်းချမ်းရေးနဲ့ပတ်သတ်ရင်ပါဝင်သင့်တယ်။ ဘာကြောင့်လဲဆို ဖိနှိမ့်ခံနေရတယ်။ နှိပ်စက်ခံရတယ်။ တခုခု တွေ့ကြုံခံစားရရင် အများအားဖြင့်ကျမတို့ အမျိုးသမီးတွေ တွေ့ကြုံခံစားနေရတာပေါ့။ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် ကျမတို့ အမျိုးသမီးတွေကတော့ ပါဝင်သင့်တယ်။”

spot_img
spot_img

Recent posts