spot_img
19.8 C
Loikaw
Friday 3, October 2025
spot_img
Homeမာလ်တီမီဒီယာခရီးသွားလုပ်ငန်းစီမံကိန်းကြောင့် ထီးဆိုဒူး အမြဲစိမ်းတောအလှ အကျည်းတန်သွားမှာ စိုးရိမ်

ခရီးသွားလုပ်ငန်းစီမံကိန်းကြောင့် ထီးဆိုဒူး အမြဲစိမ်းတောအလှ အကျည်းတန်သွားမှာ စိုးရိမ်

-

ကယားပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စွတ်ပိုင်ကုမ္ပဏီက ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာရှိတဲ့ ထီးဆိုဒူးရေဝေရေလဲ အမြဲစိမ်းသစ်တောမှာ ခရီးသွားလုပ်ငန်းလုပ်ဆောင်ဖို့ အစီအစဉ်ရေးဆွဲနေတာ နောက်ဆုံးအဆင့်ရောက်နေပါပြီ။ ကုမ္ပဏီဘက်ကတော့ ဒေသခံတွေရဲ့ ထောက်ခံမှုကို ၅၀ ရာခိုင်နှုန်းလောက် ရရှိနေပြီလို့ ပြောပေမဲ့ လက်တွေ့ ဒေသခံတွေနဲ့ ကွင်းဆင်းတွေ့ဆုံရာမှာ ကန့်ကွက်မှုတွေ အများကြီး ကြုံတွေ့နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ထီးဆိုဒူးဟာ ကယားပြည်နယ်ရဲ့ တစ်ခုတည်းသော ရေဝေရေလဲထိန်းသိမ်းပေးတဲ့တော၊ တစ်ပြည်နယ်လုံးရဲ့ ရာသီဥတုကို မျှတအောင် ထိန်းသိမ်းပေးထားတဲ့တောလည်း ဖြစ်ပါတယ်။ အဲဒီတောထဲမှာ သစ်ပင်တွေရဲ့ လုံးပတ်မှာ ပေ ၃၀ ပတ်လည်ရှိတဲ့ အဖိုးတန်သစ်တွေရှိပြီး သဘာဝအပင်တွေ၊ သီးပင်စားပင်တွေလည်း ပေါများလှပါတယ်။ သားရဲတိရစ္ဆာန်တွေ ပေါက်ဖွားနားခိုတဲ့တောကြီးတစ်ခုလည်း ဖြစ်ပါတယ်။

အခုချိန်မှာ အဲဒီတောအတွင်း သစ်ပင်တွေ ခုတ်လဲှပြီး သစ်ဆွဲတာ၊ တောင်ယာတွေ ခုတ်ထွင်တာတွေကြောင့် ကျေးရွာအနီးရှိ ဧရိယာတချို့မှာ သစ်ပင်ကြီးတွေ အနည်းငယ်သာ ကျန်ပါတော့တယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ