spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

“ပြည်သူတွေလဲ မဲလာထည့်ဖို့က နံပတ်(၁) လိုချင်တယ်။” လို့ဆိုတဲ့ USDP မြို့နယ်ဥက္ကဌနှင့် တွေ့ဆုံခြင်း

Author

Date

Category

စိုးထိုက်အောင်

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒီးမော့ဆိုမြို့နယ် မြို့နယ် ဥက္ကဌ ဒေါ်မေးရီယာန်

ကယားပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် ၃၄ နေရာမှာ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကနေ ၇ နေရာဖြင့် ၂၀ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄ ဦးစုစုပေါင်း ၇ ဦးဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာတော့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လွှတ်တော်ကိုယ် ၅ နေရာဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ နေရာနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာတို့ကို ဝင်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ်အတွင်းရှိ လက်ရှိအာဏာရပါတီမဟုတ်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စည်းရုံးရေးလုပ်ငန်းတွေကို ဘယ်လိုတွေ ဆောင်ရွက်သွားမလဲဆိုတာနဲ့ ပါတ်သက်လို့ ဒီတစ်ပတ်မှာတော့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒီးမော့ဆိုမြို့နယ် မြို့နယ် ဥက္ကဌ ဒေါ်မေးရီယာန်နှင့် တွေ့ဆုံ မေးမြန်းထားတာကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။

မေး။ ။ ဆရာမတို့ပါတီအနေနဲ့၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ဘယ်လိုမျိုးနေရာတွေကနေ ဝင်ပြိုင်မှာလဲ။

ဖြေ။ ။ ဒီးမော့ဆိုမြို့နယ်မှာ (၅)နေရာဆိုတော့ (၅)နေရာစလုံးဝင်ပြိုင်မှာပေါ့နော်။

မေး။ ။ ဆရာမတို့အနေနဲ့ဒီ COVID ကာလမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဘယ်လို မျိုးမဲဆွယ်ဖို့ပြင်ဆင်ထားလဲ။

ဖြေ။ ။ COVID-19 ကာလကတော့ သွားလို့မရဘူးပေါ့နော်။ သွားသည့်တိုင်အောင် ကျမတို့(၅)ယောက်ထက်ပိုမသွားဘူး ဒါပေမဲ့ကိုယ့်ရဲ့မြို့နယ် အထူးသဖြင့် အခုတစ်လောဆို ကျမတို ရဲ့အဖိုးအဖွားတို့ပေါ့နော် အဲ့ဒီ နည်းနည်းပါးပါး နေမကောင်းတဲ့လူတွေကို သွားကြည့်တယ် နောက် ကိုဗစ် Q ဝင်တဲ့လူတွေကိုတော့ ကျမတို့ထောက်ပံ့ခဲ့ပြီးပြီ။ ဒါပေမဲ့ ဒီနောက်ပိုင်းကတော့ ဟို အခြားအဖွဲ့ရဲ့ထောက်ပံ့မှုမယူတော့ဘူးလို့အသံကြားလို့ဒီတစ်ပတ် နှစ်ပတ်က ဒီ ကိုဗစ် မပံ့ပိုးတော့ဘူးပေါ့နော်။ သူတို့တရားဝင်တော့ မထုတ်ပြန်ဘူး ဒါပေမဲ့ဒီလိုမျိုးကြားတော့ ကိုယ်ကတော့ ပါတီဆိုတော့ ကိုရှောင်ထားတာပိုကောင်းတယ်လေး။ အရင်တုန်းကဆို ကျမတို့ဒီ အ.ထ.က မှာလဲ သွားပေးတယ်၊ ပန်ပက်မှာလဲ သွားပေးတယ်၊ နောက်ဒီ တစ်မြို့နယ်လုံးရဲ့ထမင်းတစ်နပ် ပေါ့နော် အဲ့ဒါမျိုးတွေလဲ ကျမတို့ကူညီခဲ့တာပေါ့နော်။

မေး။ နောက်တစ်ခုက ဆရာမတို့ရွေးကောက်ပွဲရှိလို့မဲဆွယ်မယ်ဆိုရင် ဒီပြည်နယ် အတွင်းမှာက KNPP ထိန်းချုပ်နယ်မြေတွေရှိတယ်ပေါ့နော် အဲ့လိုနေရာတွေမှာရော ဆရာမတို့က ဘယ်လိုမျိုးစည်းရုံးသွားမှာလဲ။

ဖြေ။ ။ အဲ့ဒါတော့ အားလုံးတစ်မြို့နယ်လုံးတော့ ကျမတို့စည်းရုံးသွားမှာဘဲလေး ဒါပေမဲ့ ဟို လူထုက သူတို့စိတ်ပါမပါဆိုတာတော့ သူတို့အပိုင်းပေါ့။ ကျမတို့တော့ ပါတီရဲ့အလုပ်ကတော့ ဘယ်ရွာမှ မကျန်ဘူး အကုန်လုံးစည်းရုံးသွားမယ်။

မေး။ ။ ဆရာမတို့ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဘယ်လိုမျိုးနေရာတွေ ဦးစားပေး ဝင်ပြိုင်သွားမှာလဲ။

ဖြေ။ ။ အဲ့ဒါတော့ မပြောတတ်သေးဘူး ကျမတို့ပါတီကြီးဆိုတော့ ပါတီရဲ့ဆုံးဖြတ်မှု ယူရမှာပေါ့နော်။ ဒီ(၅)နေရာစလုံးတော့ ဝင်ပြိုင်မယ်လို့ဆုံးဖြတ်ထားတာပေါ့နော်။ ဒါပေမဲ့ ဘယ်သူက ဘယ်နေရာ၊ ဘယ်နေရာဆိုတာ ယနေ့အထိတော့ မရှိသေးဘူး၊ ကျမတို့လဲ မလျာထား သေးဘူးပေါ့ ဘာဖြစ်လို့လဲဆို အခုဏပြောသလို ရွေးကောက်ပွဲရှိမရှိတာတော့ မသိသေးဘူးပေါ့။

မေး။ ။ အဲ့ဒါဆိုရင်ပေါ့နော် ရွေးကောက်ပွဲမှာနိုင်ခဲ့မယ်ဆိုရင်ရော ဆရာမတို့ဒီမြို့နယ်အတွက်၊ ပြည်နယ်အတွက်ဘာတွေလုပ်ပေးဖို့စီစဉ်ထားလဲ။

ဖြေ။ ။ ကျမတို့အကယ်လို့မဲနိုင်ခဲ့ရင် ပြီးခဲ့တဲ့ ၂၀၁၀ကနေ -၁၅ အထိတော့ မီးကုန်ယမ်းကုန်လုပ်ခဲ့ပြီးပြီပေါ့နော် ဒါပြည်သူ အသိဆုံးပါ အဲ့ဒါကို တကယ်လို့ဒီတစ်ခေါက်ထပ်နိုင်မယ်ဆိုရင်လဲ ပြည်သူ့အတွက်ပါဘဲ ကျမတို့လုပ်ဆောင်သွားမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူက အများကြီးလိုအပ်သေးတယ်လေး။ ကျမတို့၂၀၁၀ ကနေ-၁၅ ဆိုလဲ အကောင်အထည်ဖော်ခဲ့ပြီးပြီ ဒါပေမဲ့ ပြီးသေးတာ မဟုတ်ဘူး ဒီရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်တော့ မိမိလူမျိုး၊ မိမိဒေသအတွက်ကတော့ အများကြီးလိုသေးတယ် တကယ်လို့နိုင်မယ်ဆိုရင် ကျမတို့ပြည်သူ့အတွက်ဘဲ ဆောင်ရွက်သွားမှာသေချာတယ်။

မေး။ ။ တခြားရော ဆရာမ တို့ပါတီအနေနဲ့ဘာတွေဆက်လုပ်ဖို့ ရှိသေးလဲ။

ဖြေ။ ။ ကျမတို့က ဘယ်လိုပြောရမလဲ ဆို အာမခံတာက (၉) ချက် တစ်ချက်ကတော့ ဘာလဲဆို တစ်ချက်ကျန်တယ်။ ဒီတစ်ချက်ကတော့ ကျန်တယ်။ ၂၆၁ က ကျမတို့ရဲ့ပြည်နယ်ဝန်ကြီးချုပ်က ကျမတို့ပြည်နယ်ထဲကရွေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေကို ကျမတို့ပြင်ကိုပြင်မှာ အခုလွှတ်တော်ထဲမှာ ပြင်ပြီးပြီ ဒါပေမဲ့ NLD ဦးဆောင်တဲ့အစိုးရရယ်၊ နောက်တစ်ခြားလူတွေကတော့ ကန့်ကွက်တယ်။ ဒါ တကယ့်ပြည်သူ့အတွက်အရေးကြီးတဲ့အချက်ဘဲလေး အဲ့ဒါကြောင့် တကယ်လို့အစိုးရနိုင်ရင် ဒီတစ်ခုတော့ ကျမတို့ပြင်ကိုပြင်မယ်ပေါ့နော်။

မေး။ ။ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီးတော့ ဘာပြောချင်သေးလဲ။

ဖြေ။ ။ အဓိကကတော့ ပြည်သူလူထု ထည့်တဲ့မဲကို လိုချင်တာပေါ့နော်။ မဲအမှန်ကို လိုချင်တာပေါ့။ ဘယ်သူမဆို သဘောက ကျမတို့ကိုရွေးသည် ဖြစ်စေ၊ တစ်ခြားပါတီ ရွေးသည် ဖြစ်စေ ၊ ဘယ်သူဘဲ ရွေးရွေးပေါ့ အဲ့ဒါ ပြည်သူထည့်တဲ့မဲ ပြည်သူက တကယ်ဘဲ ဘယ်လိုပြောရမလဲ သူ့အစိုးရကို သူရွေးရမှာကို ပြည်သူတွေလဲ မဲလာထည့်ဖို့က နံပတ်(၁) လိုချင်တယ်။ နံပတ်(၂) က တကယ့်ပြည်သူ အမှန်ထည့်တဲ့မဲကိုလိုချင်တာပေါ့နော် အဲ့ဒါလိုချင်တာပေါ့။

spot_img
spot_img

Recent posts