spot_img
Friday, March 24, 2023
spot_img

CATEGORY

ဆောင်းပါး

ဝင်ငွေရဖို့ ဝဥကို ရွေးချယ်စိုက်ပျိုးခဲ့တဲ့ ကယန်းဒေသက တောင်သူ

ခွန်းကလိုင်းဖရီး(ကန္တာရဝတီတိုင်း(မ်)) လွန်ခဲ့တဲ့ ၅ နှစ်ကျော် လောက်ကစပြီး ကယန်းဒေသမှာ စပါး၊ ငရုတ်နဲ့ ဖာလာကို အဓိက စိုက်ပျိုးရာကနေ ဈေးကွက်ဝင်တဲ့ ဝဥကိုလည်း စိတ်ဝင်တစား စိုက်ပျိုးလာကြပါတယ်။ ယခင်ကတော့ ဝဥကို တောတောင်တွေထဲက အလေ့ကျပေါက်တာတွေကိုပဲ ရှာဖွေတူးဖော်ခဲ့ကြပေမယ့် ခုတော့ ကယန်းဒေသက တောင်သူတွေဟာ ဝဥကို စီးပွားဖြစ် စနစ်တကျစိုက်ပျိုးလာကြတာပါ။ ခုလို...

တိုက်ပွဲနယ်မြေအတွင်းက “အလံဖြူ”

(ကန္တာရဝတီတိုင်း(မ်)) ဖရူဆိုမြို့နယ် နဲ့ ဘောလခဲမြို့နယ် ကြားက တောင်ယာခင်းတနေရာမှာရှိတဲ့ တဲအိမ်လေး တွေရဲ့ ခေါင်မိုးအထက်မှာ မြင်သာထင်သာရှိတဲ့ အဖြူရောင် အဝတ်စလေးတွေကို ချိတ်ဆွဲထားပါတယ်။ တစ်ပေကျော် အကျယ်ရှိတဲ့ ဒီအဝတ်ဖြူစဟာ တောင်ယာခင်းထဲမှာ စစ်ရှောင်နေကြရတဲ့ နန်းဖဲဒေသက ဒေသခံတွေအတွက် အန္တာရယ် ကင်းစေနိုင်တဲ့ မျှော်လင့်ချက် အဆောင်လေးလို့ ပြောလို့ရပါတယ်။ တောင်ယာခင်းထဲကတဲအိမ်လေးတွေရဲ့...

တစ်ပူပေါ်နှစ်ပူဆင့် လာတဲ့ စစ်ပွဲရဲ့ မြေစာပင်ဘဝ

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) ထိတ်လန့်ဖွယ်ရာ လက်နက်ကြီးရန်ကို ကရင်နီလူထုတွေ ရင်ဆိုင်လာခဲ့ရတာ တစ်နှစ်ခွဲနီးပါး ရှိလာခဲ့ပါပြီ။ ယခင်နှစ်မှာ ညအမှောင်ကိုသာ ထိတ်လန့်ရတဲ့ ကရင်နီလူထုတွေဟာ အခုချိန်မှာတော့ နေ့အလင်းတွေကိုလည်း စိုးရိမ်ထိတ်လန့်ဖွယ်ရာ ရင်ဆိုင်ဖြတ်သန်းနေရတာပါ။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာ၊ လူထုတွေ စစ်ဘေးရှောင်တဲ့နေရာ စတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ...

ကြောက်ခေတ်ကြားက ထွန်းတောက်နေတဲ့ ကြယ်ပွင့်လေးများ

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) အသက် ၁၉ နှစ်နဲ့ ၂၃ နှစ်အရွယ်ကြား လူငယ်လေးကနေ ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေကို college ကျောင်းတစ်ကျောင်းဖွင့်လှစ်ပြီး ဦးဆောင်စီမံသင်ကြားဖို့ဆိုတာ လွယ်ကူလှတဲ့ အလုပ်တော့ မဟုတ်။ သို့ပေမယ့် စစ်ဘေးကြောင့် တောတောင်ထဲ တိမ်းရှောင်နေရတဲ့ ကရင်နီပြည်က ကယားလီဖုလူငယ်တစ်စုဟာ မလွယ်လှတဲ့...

လူငယ်ကနေ လူငယ်ကို သင်ကြားပေးတဲ့ ကေးဖိုးဒူသင်တန်းကျောင်း

ကန္တာရဝတီတိုင်း (မ်) ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ ခုနှစ် ကစလို့ စစ်တပ်အာဏာသိမ်း မှုအပါအဝင် လက်ရှိအချိန်ထိ ကျောင်းနေအရွယ် လူငယ်တွေဟာ ပညာသင်ကြားခွင့်ကို ဆုံးရှုံးနေကြရပါတယ်။ ကရင်နီပြည်က လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်နေကြကြပြီး တချို့ကတော့ တောတောင်ထဲမှာ စစ်ရှောင်နေကြသလို တချို့ကလည်း ဆွေးမျိုးရှိတဲ့ ဒေသတွေကို...

ကျန်းမာရေးအသိပညာ နည်းပါးနေသေးတဲ့ ဖရူးခေါကျေးရွာ

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း မြို့နဲ့ အလှမ်းဝေးတဲ့နေရာမှာတည်ရှိပြီး အိမ်ခြေ ၄၂ အိမ်နဲ့ ကယောလူမျိုးတွေ အများစုနေထိုင်တဲ့ ဖရူးခေါကျေးရွာမှာ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး အဖက်ဖက်မှာ ဖွံ့ဖြိုးမှုနောက်ကျနေဆဲဖြစ်ပါတယ်။ စား၀တ်နေရေးအတွက် တောင်တက်တောင်ဆင်း ခရီးရှည်ကို ခြေလျင်နဲ့သွားပြီး တောင်ယာခုတ် စပါးစိုက်ကြတဲ့ လုပ်ငန်းကို အဓိကလုပ်ဆောင်ကြပါတယ်။ မြေဆီလွှာ မကောင်းလို့...

အောက်ဆီဂျင်နဲ့ အသက်ဆက်နေရတဲ့ ခဲဆိပ်သင့်သူ စစ်ရှောင်အမျိုးသား

ကန္တာရဝတီတိုင်း(မ်) အသက်၃၇ နှစ်အရွယ်ဟာ ပျမ်းမျှ လူ့သက်တမ်းအရ အရွယ်ကောင်းဖြစ်ပြီး ကျန်းမာသန်စွမ်းနေသေးတဲ့ အသက်အရွယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဦးအိုင်ထွန်းမင်းကတော့ ကျန်းမာရေးအရ အိပ်ယာထဲလှဲနေရပါတယ်။ ဦးအိုင်ထွန်းမင်းဟာ ဒီးမော့ဆို ဒေသခံတစ်ဦးဖြစ်ပြီး ၂၀၁၆ ကစလို့ မော်ချီးမှာ ခဲလုပ်ငန်းကိုလုပ်ကိုင်ခဲ့သူပါ။ ၂၀၂၁ အာဏာာမသိမ်းခင်အထိ မိသားစုရဲ့ စားဝတ်နေရေးကိုရှာဖွေပေးနေတဲ့ ဖခင်တစ်ဦးဖြစ်ပါတယ်။ စစ်ရှောင်ပြီးများမကြာမီမှာဘဲ မော်ချီးမှာခဲလုပ်ခဲ့တဲ့ဒဏ်ကို...

စစ်ဘေးဒဏ်ကြားက ကလေးငယ်တွေရဲ့ စိတ်ဒဏ်ရာတွေကို လျော့ကျစေမယ့် နည်းလမ်းများ

လေးမြာ ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေဖြစ်ပွားလာတာနဲ့အမျှ ဒေသခံပြည်သူ ၂ သိန်းဝန်းကျင်ဟာ စစ်ဘေးရှောင်နေကြရပါတယ်။ အဲဒီထဲမှာမှ သက်ကြီးရွယ်အို၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ စစ်ပွဲတွေကြားက သေနတ်သံ၊ လက်နက်ကြီးသံ၊ လေယာဉ်နဲ့ ဗုံးကျဲသံတွေကို နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ ပြည်သူတွေထဲမှာမှ ကလေးတွေဟာ ပိုပြီး စိတ်ထိခိုက်...

ကျည်သံနှင့် နှစ်သစ်ကူးည

CJ ကန္တာရဝတီတိုင်း( မ် ) နှစ်တစ်နှစ်ရဲ့အစ နှစ်သစ်ကူးညကိုတော့ လူတိုင်းက စိတ်သစ်လူသစ်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ကြတာအမှန်ပါပဲ။ သို့ပေမယ့် ကရင်နီပြည် လွိုင်ကော်မြို့ရဲ့ ၂၀၂၃ခုနှစ်အကြို နှစ်သစ်ကူးညကတော့ ည၁၀နာရီအထိ ကာရာအိုကေသံတွေနဲ့ ဆူညံခဲ့ပြီး ၁၂နာရီနဲ့ နောက်ပိုင်းမှာ လက်နက်ကြီးသံတွေနဲ့ မြို့ကို ဖုံးလွှမ်းခဲ့ပါတယ်။ ‘’၁၀နာရီကျော် လောက်ထိတော့ ကာရာအိုကေသံတွေ သီချင်းသံတွေနဲ့...

CDM တွေနဲ့ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းမျော်လင့်ချက်

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်မှာ ရောက်ရှိနေတဲ့ ဒေါ်အားမူ(အမည်လွဲ) ဟာ အွန်လိုင်းကနေ အင်္ကျီတွေနဲ့ အလှကုန်ပစ္စည်းတွေကို မှာယူပြီး ရောင်းချနေရပါတယ်။ အဲဒီကနေ ရတဲ့ဝင်ငွေတချို့နဲ့ နေ့စဉ်စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။ သူဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲ စားဝတ်နေရေးအတွက် ဒီလိုအလုပ်ကို စတင်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ “တခြားအဖွဲ့အစည်းအလုပ်တွေတော့ မလုပ်ဘူး။ ကိုယ်ပိုင်စီးပွားရေးတော့ တနိုင်တပိုင် အစကတည်းက လုပ်ထားတာရှိလို့ ကိုယ်ပိုင်စီးပွားရေးကိုပဲ ဖြည်းဖြည်းချင်းစီ...