Jobs
အလုပ်အကိုင်များ ဖန်တီးပေးမည့် စက်ရုံများကို ကန့်ကွက်ခြင်းမပြုကြရန် ဝန်ကြီးချုပ် တိုက်တွန်း
မူအက်စတာ
လုပ်သား အများအပြား ဝင်ရောက်လုပ်ကိုင်နိုင်သည့် စက်ရုံ၊ အလုပ်ရုံများ မရှိသည့်အတွက် ကယားပြည်နယ်၌ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးနေခြင်းဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုးက ပြောကြားသည်။
“ကျွန်တော်မေးမယ် ကျွန်တော်တို့ ပြည်နယ်မှာ စက်ရုံအလုပ်ရုံတွေ ရှိလား။ ဘာစက်ရုံ၊ အလုပ်ရုံတွေရှိလဲ။”ဟု ဝန်ကြီးချုပ်က မေးခွန်းထုတ်သည်။
၎င်းက မတ်လ ၂ဝ ရက်နေ့တွင် ကျင်းပခဲ့သော ဆယ်သဲသင်ယူလေ့လာရေးဆုံရပ်၏ အမှတ်စဉ် ၄ ၏ သင်ယူမှုပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားတွင် ကျောင်းသားများက...
Jobs
မိဘ ဒေသပညာရတနာ “ဝါးခမောက်”
Simple(LmT)ရေးသားသည်။
ဒီခမောက်လေးတွေက ထီးပေါ်ဆိုရွာမှာ လုပ်တတ်လုပ်နိုင်တဲ့သူတွေ လက်ချိုးရေရင်တောင် ဆယ်ချောင်း
မပြည့်တော့ပါဘူး။ ဒီပြင်ရွာတွေမှာလည်း ဒီလိုဘဲထင်ပါရဲ့ဗျာ။ ဒီဝါးခမောက်မှ မဟုတ်ပါဘူး။ ကျန်တဲ့ဒေသလက်မှုတွေဟာလည်း ပျောက်ကွယ်လုနည်းဖြစ်နေပါပြီလေ။
အမှတ်မထင်ဘဲ ညနေခင်းတစ်ခုမှာ မရောက်တာကြာတဲ့ အကို့အိမ်ကို သွားလည်ဖြစ်ခဲ့တယ်။ အဲဒီမှာ ဒီဝါးခမောက်လှလှလေးတွေ လုပ်နေတာကို မြင်ရတော့ စိတ်ဝင်စားပြီး မေးခွန်းတချို့ကို မေးကြည့်ခဲ့မိတယ်။
ဒီဝါးခမောက်လေးတွေက ဝါးခွံလေးတွေကို ကောက်ပြီး ရေစိမ်ရတယ်တဲ့။ ပြီးတော့ အပ်လေးနဲ့ခြစ်ကြောင်းပေးပြီး လိုချင်တဲ့အရွယ်အစားကို လိမ်ယူရတယ်။ပြီးတော့ ပုံသွင်းဖျာယူထားတဲ့ ဝါးကျောလေးတွေကို အပ်ချည်ကြိုးလေးနဲ့ ပြန်သီချုပ်ရတယ်။
ဒါတွေလုပ်ရင် တရက် ဘယ်နှစ်လုံးပြီးလည်းဆိုတော့ မပြောတတ်ဘူးတဲ့။ အားတဲ့ချိန်လေးတွေမှာ အားသလိုလုပ်တော့ တလဆို အလုံး ၁ဝ ,၂ဝ လောက်ဘဲရတယ်တဲ့။ ကျန်တဲ့ချိန်တွေမှာတော့ တောင်ယာ
လယ်လုပ်ပေါ့တဲ့။ တောင်ယာလယ်လုပ်ချိန်ကုန်ရင် ပြန်လုပ်ဖြစ်တာပါပဲတဲ့။
ဒီလုပ်ထားတဲ့ခမောက်လေးတွေကို ဖရူဆိုဈေးမှာ...
Jobs
မေ မှ နိုဝင်ဘာအထိ ၆ လတာကာလ ကယားပြည်နယ်အတွင်း ကုမ္ပဏီ ၃၂ ခု မှတ်ပုံတင်ခွင့်ပြုခဲ့
လင်းသန့်/ဖဲဘူး
ကယားပြည်နယ်အတွင်းမှာပင် လုပ်ငန်း သို့မဟုတ် ကုမ္ပဏီများ အလွယ်တကူ မှတ်ပုံတင်နိုင်ပြီးဖြစ်သည့် အတွက် မေလမှစပြီး ၆ လအတွင်း ကုမ္ပဏီ ၃၂ ခု လာရောက်မှတ်ပုံတင်ပြီးဖြစ်ကြောင်း ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က ကနာ္တရဝတီတိုင်း(မ်)သို့ ပြောသည်။
“အရင်တုန်းက တာဝန်အရ နေပြည်တော် သွားရတာပေါ့ တောင်ကြီးသွားရတယ် ရန်ကုန်မှာ လုပ်ချင်တယ်ဆိုလည်း လုပ်ပေးတာလည်း ရှိတယ်ပေါ့နော် ခုတော့ ကိုယ့်ပြည်နယ်အတွင်းမှာပဲ...
Jobs
စက်ရုံများဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည်ဟု ကယားဝန်ကြီးချုပ်ပြော
လင်းသန့်
ဘိလပ်မြေစက်ရုံ၊ အထည်ချုပ်စက်ရုံ၊ ရေအားလျှပ်စစ်စက်ရုံ၊ သစ်အခြေခံစက်ရုံများကဲ့သို့ လုပ်သားအင်အား အများအပြား အသုံးပြုသည့်စက်ရုံများ ကယားပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံပါက ဦးစားပေးအဖြစ် ခွင့်ပြုမည်ဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက ပြောကြားလိုက်သည်။
“ဒါတွေ မလုပ်လို့ ရှိရင် ခုနကပြောတဲ့ အလုပ်အကိုင်အခွင့်အလမ်းပေးပါ ပေးပါ။ ၁ဝ အောင်တဲ့သူတွေ တပုံကြီး၊ ကွန်ပျူတာဘွဲ့ရတဲ့သူ တပုံကြီး၊ နည်းပညာသင်တန်း ဆင်းတဲ့သူတွေ တပုံကြီး၊ ဘယ်မှာလဲ သူတို့ အလုပ်။ ကျနော်တို့...
Jobs
အတွေ့အကြုံသင်ယူရန် အသက်မွေးဝမ်းကြောင်းသင်တန်းသားများအတွက်လုပ်ငန်းခွင်ရှားပါးနေ
ထျိုးမြာ
အလုပ်အကိုင်အခွင့်အလမ်းအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကာလတိုသင်တန်းကို finnish refugee council (FRC)မှ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ပူးပေါင်းပြီး ကာလတိုသင်တန်းဖွင့်လှစ်ပေးလျက်ရှိသော်လည်း ကယားပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ အများအပြားမရှိသေးသောကြောင့် ကျောင်းသူကျောင်းသားများ ကွင်းဆင်းလေ့ကျင့်ပေးရန်အတွက်
အခက်အခဲဖြစ်နေကြောင်း သိရသည်။
စက်တင်ဘာ ၂ ရက်နေ့ Famous Hotel တွင် FRC မှ ကြီးမှူးကျင်းပသော
အလုပ်အကိုင်အခွင့်အလမ်းချိတ်ဆက်ပွဲအခမ်းအနားတွင် ကွင်းဆင်းနေသော ကျောင်းသားတစ်ဦးမှ ၎င်းတို့၏ လုပ်ငန်းခွင်နှင့် ပတ်သက်၍ အခက်အခဲများကို တင်ပြခဲ့ရာ...
Jobs
ငွေတောင်ဆည်ဘေးတွင် ခေတ်မီအားကစားကွင်း တည်ဆောက်သွားမည်
မူအက်စတာ
ငွေတောင်ဆည်၏ အနောက်တောင်ဘက်ရှိ ဧည့်ရိပ်သာ(ဗိုလ်တည်း)နေရာ၌ ခေတ်မီကစားကွင်းတည်ဆောက်ရန် ငွေတောင်ဆည်ဧည့်ရိပ်သာ (ဗိုလ်တည်း)အဆောက်အအုံနှင့် မြေနေရာကို နှစ်ရှည်ငှါးရမ်းရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါနေရာ၌ ခေတ်မီကလေးကစားကွင်းနှင့် အပန်းဖြေပန်းခြံ၊ ရိုးရာအစားအစာ၊ ရိုးရာအဝတ်အထည်ဆိုင်များ ဖွင့်လှစ်ရန်အတွက် နှစ်ရှည်ငှါးရမ်းမည် ဖြစ်သည်။
“ရိပ်သာက ကျွန်တော်တို့ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးကနေပြီးတော့ ဒါကို ကလေးကစားကွင်းလိုပုံစံမျိုး၊ ဒါကိုတင်ဒါခေါ်ထားတယ်။ ဒီတင်ဒါအိတ်ဖွင့် ဖောက်စစ်တာကလည်း ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးက လုပ်မှာ” ဟု ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းက ပြောသည်။
တင်ဒါခေါ်ယူနေမှုနှင့်...