KT-FM ကရင်နီဘာသာ အစီအစဉ် စက်တင်ဘာလ (၉) ရက်၊ ၂၀၂၆ ခုနှစ်(ဗုဒ္ဓဟူးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ကရင်နီက မြို့နယ်နှစ်ခုကို အာဏာသိမ်းစစ်တပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၅ ဦးသေဆုံး
– (၇၈) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ကရင်နီပြည်တွင်း တနေရာမှာ ကျင်းပ
– ကျရာကဏ္ဍအသီးသီးကနေ သမိုင်းပေးတာဝန်ကို လက်တွေ့လုပ်ဆောင်ချက်တွေနဲ့ ဆက်လက်ထမ်းဆောင်ကြဖို့ (၇၈) နှစ်မြောက် ကရင်နီအမျိုးသား အာဇာနည်နေ့မှာ KNPP တိုက်တွန်း
– KNA တပ်ရင်းအမှတ် (၂၁၀၈) ရဲဘော်စုံညီတွေ့ဆုံပွဲနဲ့ တပ်ရင်းမွန်းမံရက်တို သင်တန်းကို ပူးတွဲပြုလုပ် ဆိုတဲ့သတင်းနဲ့အတူ “မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သော ပစ္စည်းများအန္တရာယ်” ဆိုတဲ့ ဆောင်းပါးနဲ့အတူ၊မိုးလေဝသ သတင်း၊ ကယန်းဘာသာနှင့် ကယောဘာသာ အစီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်





