spot_img
Monday, March 27, 2023
spot_img

CDMနဲ့ ဘက်ပြောင်းခိုလှုံသူများကို စီစစ်ပြီး ကြီးကြပ်မှုကို KNPP ကစနစ်တကျ လုပ်ဆောင်မည်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

လူထုဘက်ရပ်တည်ပြီး ဘက်ပြောင်းခိုလှုံလာသူတွေနဲ့ CDMဝင်ရောက်သူတွေကို စနစ်တကျ စီစစ်ပြီး ကြီးကြပ်နိုင်ဖို့အတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPက “ဘက်ပြောင်းခိုလှုံသူများနဲ့ CDMကြီးကြပ်ရေးကော်မတီ” ဖွဲ့စည်းထားတယ်လို့ အဲဒီကော်မတီရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ခူးတော်ရယ် အက်စ် က ကန္တာရဝတီတိုင်း(မ်)ကို ဖြေဆိုပါတယ်။

“ ကျနော်တို့စီစစ်တယ်ဆိုတာကလည်း လုံခြုံရေးအတွက်လို့ ကျနော်တို့ပြောတာက နှစ်ဖက်စလုံးပါ။ ဥပမာ သူတို့အတွက် ဟို CDMလုပ်လာတာ ဘက်ပြောင်းလာတာ အစစ်အမှန်ဖြစ်ပါတယ်ဆိုတဲ့ ဟိုစီစစ်တဲ့ဟာတွေက ကျနော်တို့ ဒါအစစ်အမှန်ဖြစ်တယ်လို့ ယုံကြည်ရလောက်တဲ့အနေအထားမျိုး ဆိုလို့ရှိရင် ဒါသူတို့အတွက် လုံခြုံမှုလဲဟုတ်တယ် ကျနော်တို့အတွက်လုံခြုံမှုဟုတ်တယ်။ ” လို့ ခူးတော်ရယ် အက်စ် က ပြောပါတယ်။

အဲဒီကော်မတီကို ၂၀၂၂ခုနှစ် နှစ်လယ်ပိုင်းလောက်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဘက်ပြောင်းခိုလှုံသူတွေနဲ့ CDM ဝင်ရောက်လာသူတွေကို ပြန်လည်ထွက်ခွာသွားတဲ့ ဖြစ်စဉ်တွေမရှိအောင် စနစ်တကျ လုပ်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ CDMပြုလုပ်လာသူ ရာချီရှိနိုင်ပေမယ့် ဝင်ရောက်လာသူ အတိအကျကိုတော့ မသိရှိရပါဘူး။

“ကျနော်တို့ ရှေ့မှာ ပြောတဲ့ ကျနော်တို့အတွေ့အကြုံတွေ ၁၀၀ မှာ တစ်ယောက်က ဟိုဘက်(စစ်ကောင်စီ) ကထည့်လာတဲ့ လူလိုမျိုး ကျနော်တို့ဘက်ကလည်း ဒါမျိုးတွေ စိုးရိမ်စိတ်ရှိတယ်ပေါ့။ တစ်ကယ်လို့ စိစစ်မှုက ကောင်းကောင်းမွန်မွန် ကျနော်တို့မလုပ်နိုင်ခဲ့ရင် သံသယနဲ့ပဲ ဒီလူကများ ဘက်ပြောင်းလာတာ အစစ်အမှန်ဟုတ်သလား မဟုတ်ဘူးလား ဆိုပြီးတော့မှ ကျနော်တို့ဘက်က သံသယဝင်နေရင်လည်း သူတို့အတွက် မကောင်းဘူး။ ကျနော်တို့အတွက်လည်း အဆင်မပြေဘူး။ ဟို အဲ့လိုဖြစ်တာ ဖြစ်တဲ့အတွက်ကျနော်တို့ ဟိုနောက်ပိုင်း နောက်ပိုင်းကျရင် ကျနော်တို့ပြင်ဆင်မယ့် နေရာထိုင်ခင်းတို့ နောက်လိုအပ်တဲ့ စီစစ်မှုတွေလုပ်နိုင်ဖို့ဆိုလို့ရှိရင် ကျနော်တို့ စနစ်တကျ လုပ်မယ်။“ လို့ ခူးတော်ရယ် အက်စ် က ပြောပါတယ်။

နှစ်ဦးနှစ်ဖက် လုံခြုံမှုအရ ယုံကြည်စိတ်ချရတဲ့ အနေအထားရောက်အောင် စီစစ်တာတွေလုပ်ဆောင်မှာဖြစ်ပြီး CDMဝင်ရောက်တဲ့သူတွေအနေနဲ့ ကျွမ်းကျင်ရာအပိုင်းမှာ ပြန်လည်တာဝန်ပေးအပ်တာတွေ ပြန်လည်ထမ်းဆောင်တာတွေ ရှိမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် CDMဝင်ရောက်လာသူတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကိုလည်း ရေးဆွဲချမှတ်ဖို့ ရှိပြီး နောက်ထပ်ရောက်လာမယ့် သူတွေအတွက် နေရာထိုင်ခင်းအတွက်လည်း စနစ်တကျ ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

KNPP ဆီကို CDMအဖြစ် အရင်ဝင်ရောက်ခဲ့ပြီးသူတွေထဲက တချို့ဟာ တပ်ထဲမှာ တာဝန်ထမ်းဆောင်တာရှိသလို အရပ်သားအဖြစ် နေထိုင်သူတွေလည်း ရှိတယ်လို့ဆိုပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ KNDFတပ်ရင်း ၁၀ ထံ CDMပြုလုပ်တဲ့ တပ်သားတစ်ဦးဟာ လက်နက် ၃လက်နဲ့ အတူ ပြန်လည်ထွက်ပြေးတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

“ ကျွန်တော်တို့ပြောသွားတဲ့ လာပြီးတော့မှ ပြန်ထွက်ပြေးသွားတဲ့ပုံစံမျိုးတွေကြောင့် မစိုးရိမ်ပါနဲ့ ကျွန်တော်တို့ကလည်း နည်းလမ်းတွေရှိပါတယ်။ စနစ်တကျတွေ ကျွန်တော်တို့ စီစစ်ပြီးတော့မှ တကယ်အဖြစ်အမှန်ဖြစ်ကြောင်းဆိုတဲ့ဟာမျိုးကိုလည်း ကျွန်တော်တို့ စီစစ်နိုင်ပါတယ်ဆိုတဲ့ဟာမျိုးကို နည်းနည်း message ပေးချင်ပါတယ်။ လုံလုံခြုံခြုံအမှန်အကန်ဆိုလို့ရှိရင် လုံလုံခြုံခြုံနဲ့ ကြည်ဖြူစွာနဲ့ ကျွန်တော်တို့နဲ့တွေ့ပြီးတော့မှ အစစ်ခံတယ်ဆိုလိုရှိရင် လုံခြုံပါတယ် စိတ်ချပါဆိုတဲ့ဟာမျိုးကို message ပေးချင်ပါတယ်။ “ လို့ ခူးတော်ရယ် အက်စ် က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးထံ CDMပြုလုပ်ပြီး ခိုလှုံလာတဲ့ တပ်သားတွေ ရှိနေသလို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) လက်အောက်ရှိ CDMဌာနဖြစ်တဲ့ ကရင်နီပြည်သူ့ရင်ခွင် မှာ CDMပြုလုပ်လာကြတဲ့သူတွေလည်း တစ်ရာကျော်ရှိနေပြီဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...