spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

CDMရဲဝန်ထမ်းတစ်ဦးရဲ့ အမျိုးသမီး ထွက်ပြေးတိမ်းရှောင်ရင်း ကိုယ်ဝန်ပျက်ကျ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်က CDM ဝင်တဲ့ ရဲဝန်ထမ်းတဦးရဲ့ အမျိုးသမီး လုံခြုံတဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ကြရင်း ကိုယ်ဝန်ပျက်ကျသွားခဲ့ ရတယ်လို့ သိရပါတယ်။

အမျိုးသားဖြစ်သူက ရဲစခန်းမှာ တာဝန်ထမ်းဆောင်ပြီး CDMမှာပါဝင်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးဖြစ်သူမှာ ကိုယ်ဝန်ဆောင်ထားရပြီး ကိုယ်ဝန်လေးလနဲ့ ပျက်ကျသွားရပါတယ်။

အခုလို အခက်အခဲတွေ ကြုံတွေ့နေရပေမယ့်လည်း အမျိုးသားဖြစ်သူကို CDMအဆုံးထိပါဝင် ခိုင်းသွားမယ်လို့ ဆိုပါတယ်။

“အဆုံးထိလုပ်ခိုင်းမယ်လို့ စဉ်းစားထားတယ်။ တိုင်လည်းတိုင်ပင်ထားတယ်ပေါ့ အမျိုးသားနဲ့ အဆုံးထိလုပ်မယ်လို့ ပြောထားတယ်။”

CDMဝင်တဲ့ ဝန်ထမ်းတွေ ဆိုရင် ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် သားသမီးတွေ၊ မိသားစုတွေနဲ့ ဝေးကွာနေကြရတာတွေလည်းရှိနေပါတယ်။

CDMဝင်တဲ့ ရဲဝန်ထမ်းတွေ အနေနဲ့လည်း လစာမရတော့တဲ့အတွက် အခက်အခဲတွေရှိနေကြပါတယ်။

ဖရူဆိုမြို့မ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ဦးကတော့ “CDMဆိုတော့ အခက်အခဲတော့ရှိတယ်ပေါ့။ ကျနောတို့ က အစကတည်းက ဝန်ထမ်းဆိုတော့လည်း အခုCDMလုပ်နေတဲ့အ တောအတွင်းမှာလည်း အလုပ်ကမရှိဘူးလေနော။ ထြက္လာတာ တစ်လနှစ်လ ရှိပြီဆိုတော့ ကျနောတို့ ဒီ ပြည်သူတွေ ထောက်ပံ့ပေးတဲ့ ဆန် ဆီ ဆားနဲ့ ပဲ စားနေရပါတယ်။ ဘယ်မှလည်း သွားလို့မရဘူးပေါ့နော။ အခက်အခဲတော့ အများကြီးရှိပါတယ်။ အကုန်လုံးလည်း ပြောလို့ မတတ်ဘူးပေါ့။”

ကယားပြည်နယ်မှာဆိုရင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေစပြီး လူထုတွေရဲ့ စစ်အာဏာကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု civil disobedience movement CDM မှာ ရဲတပ်ဖွဲ့ဝင်တွေ စတင်ပါဝင်လာခဲ့ပါတယ်။ ဒုရဲအုပ်၊ ယာဉ်ထိန်းရဲ စတဲ့ ရဲဝန်ထမ်းတွေပါ ပါဝင်လာခဲ့တာပါ။

CDMလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ရဲတွေကို ယာယီရဲများသာဖြစ်ပြီး သနေ္ ရဲများမဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကနေပြီးတော့ ထုတ်ပြန်မှုတွေလည်းရှိခဲ့ပါတယ်။ သို့ပေမယ့် ဒေသခံရဲများ ဖြစ်ကြောင်း ကယားသပိတ်ကော်မတီကနေပြီးတော့ အတည်ပြုပြောကြားခဲ့ပါတယ်။

CDMဝင်တဲ့ ရဲဝန်ထမ်းတွေကတော့ စစ်အာဏာရှင်လက်အောက်မှာ မနေလိုကြတဲ့အတွက်၊ စစ်အာရှင်စနစ်ကို မလိုလားတဲ့အတွက် CDMမှာ ပါဝင်ကြရခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

လွိုင်ကော်ခရိုင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွင် တာဝန်ထမ်းဆောင်နေတဲ့ CDMဝင် ရဲဘော်တစ်ဦး ကတော့ CDM ဝင်ရခြင်းရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။

“CDMလုပ်ရတဲ့ရည်ရွယ်ချက်က စစ်တပ်လက်အောက်မှာ မနေချင်ဘူး။ ကျနောတို့ရဲ့ မိဘ ဘိုးဘွားတွေကို နိပ်စက်လာတာ အခုချိန်ထိဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်းစရောက်လာတာ လေး၊ ငါးနှစ်ပဲရှိသေးတယ် ဒါကို သူတို့က ပြန်ဖျက်ဆီးလိုက်တယ်။ အဲ့ဒီအတွက် သူတို့ လက်အောက်မှာ မနေချင်ဘူး။”

အခုလက်ရှိမှာ CDMဝင်တဲ့ ရဲဝန်ထမ်းတွေဟာ လုံခြုံတဲ့နေရာကို တိမ်းရှောင်နေကြရပါတယ်။ CDMဝင်တဲ့ ရဲဝန်ထမ်းတွေကို စစ်ကောင်စီက ပြန်လည်ခေါ်ဆောင်တာတွေလည်း ရှိပေမယ့် CDMကို အဆုံးထိ ပါဝင်သွားမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ရက်နေ့မှာ တစ်နိုင်ငံလုံး လမ်းပေါ်ထွက်သပိတ်မှောက်ကြတာ ယနေ့အထိ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ဝန်ထမ်းတွေဆိုရင်လည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကို လုပ်ဆောင်ကြပြီး စစ်ကောင်စီကို သပိတ်မှောက်နေကြပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေအပြင် ရဲဝန်ထမ်းတွေပါ CDM မှာ ပါဝင်လာခဲ့ကြပါတယ်။

ကယားပြည်နယ်မှာဆိုရင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်မှောက် ပြည်သူတွေကို စစ်တပ်နဲ့ ရဲ တွေကနေပြီးတော့မှ အင်အားသုံးဖြိုခွဲလာခဲ့ပါတယ်။ ကယားမှာ ရဲနဲ့ စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးသူ နှစ်ဦးရှိသွားခဲ့ပါတယ်။

spot_img
spot_img

Recent posts