spot_imgspot_imgspot_imgspot_img
Friday, February 14, 2025
spot_imgspot_imgspot_imgspot_img

CDMဝန်ထမ်းတွေကို ပံ့ပိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ KSCCဆို

Author

Date

Category

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) အနေနဲ့ စစ်အာဏာကိုဆန့်ကျင်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMမှာ ပါဝင်ကြတဲ့ ဝန်ထမ်းတွေကို ကူညီနိုင်ရေးကို ဆောင်ရွက်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

” KSCC အနေနဲ့ လည်း ကျနောတို့ CDMကိစ္စတွေ သပိတ်ကိစ္စတွေ နောက်လူမှုကယ်ဆယ်ရေး ကိစ္စတွေ ကျနောတို့ ပေါလစီရေးဆွဲပြီးတော့ ချမှတ်ထားတာတွေ လုပ်နေပြီပေါ့။ လုပ်ပြီးမှ ကျနောတို့အခု အပေါ်က NUGအစိုးရကလည်း ဒါတွေကိုအားကောင်းစေရေး အကူအညီ အထောက်အပံ့ရစေရေး ကျနောတို့ ပြည်နယ်အလိုက် ချိတ်ဆက်ပြီးတော့ သူတို့အခု စပြီးတော့မှ တတ်နိုင်သလောက် ကျနောတို့ လုပ်နေတာတွေရှိတယ် “

စစ်အာဏာပြုတ်ကျရေးအတွက် အဓိက အခန်းကဏ္ဍတစ်ရပ်မှာပါဝင်တဲ့ CDMလှုပ်ရှားမှုကို ထောက်ခံပြီး ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်သွားမယ် လို့ KSCCကပြောပါတယ်။

NUGအစိုးရနဲ့လည်း ချိတ်ဆက်ဆောင်ရွက် နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက CDMမှာပါဝင်ကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်တာတွေ အလုပ်ကနေ ရပ်နားတာတွေ ထုတ်ပယ်တာတွေကြောင့် CDM လုပ်သူတွေမှာ အခက်အခဲကြုံတွေ့နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူတစ်ဦးက ပြောပါတယ်။

“လစာမရပါဘူး။ လစာမရတေ့ာ စားဖို့သောက်ဖို့ကတော့ စုထားဆောင်းထားတာထဲကနေ ချွေတာ စားနေပါတယ်။နေရေးကတော့ ဝန်ထမ်းအိမ်ယာမှာမနေပဲနဲ့ ဒီလိုပဲ အမျိုးတွေဆီမှာ နည်းနည်းပေါ့ ဟိုဘက်အမျိုးအိမ်မှာတခါနေလိုက် ဒီဘက်အမျိုးအိမ်မှာတခါနေလိုက်အဲလိုပဲနေပါတယ်။”

စစ်တပ်ကနေ အာဏာသိမ်းပြီး ရက်ပေါင်းတစ်ရာကျော်ကြာ စစ်ကောင်စီလက်အောက်မှာ ဆက်ပြီးအလုပ်မလုပ်ပဲ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတချို့ကတော့ စစ်အာဏာရှင်ပြုတ်ကျဖို့ CDM လုပ်လာကြတာဖြစ်ပါတယ။

CDM လုပ်လို့ အလုပ်ကနေထုတ်ပယ်ခံရတဲ့ ဝန်ထမ်းတွေ အနေ‌နဲ့လည်း အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။ အလုပ်ကနေထုတ်ခံလိုက်ရတဲ့ ကယားပြည်နယ် လမ်းဦးစီးဌာနက ဝန်ထမ်းတစ်ဦးကတော့ CDM ကိုအဆုံးထိ တိုက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

” ကျမကတော့ အဆုံးထိလုပ်မှာပါ နောက်ပြန်လှည့်စရာအကြောင်းမရှိပါဘူး။ ကျမတို့ကတော့ မနိုင်မချင်း CDM လုပ်မှာပါ။ “

ပြည်နယ်အတွင်း စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့ CDM တွေရဲ့ အခက်အခဲတွေကို စနစ်တကျဖြေရှင်းဖို့ KSCC က သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အစီအစဉ်ရေးဆွဲနေကြပြီလို့ သိရပါတယ်။

KSCCအနေနဲ့ ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွှတ်ရေးကောင်စီ NUCC၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG တို့နဲ့ အတူ အနာဂတ်ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထား တာလည်းရှိပါတယ်။

spot_img
spot_img
spot_img

Recent posts