spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

CDM စစ်သား ၃၀ ရာခိုင်နှုန်းခန့် စစ်ကောင်စီကို ပြန်တိုက်ခိုက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီးနောက် လက်ရှိအချိန်မှာ CDM ဝင်ရောက်လာတဲ့ စစ်သား ၁၅၀ ကျော်ရှိပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ဒေသတွင်းတိုက်ပွဲတွေမှာ ၃၀ ရာခိုင်နှုန်းခန့် ပါဝင်တိုက်ခိုက်နေပြီလို့ ကရင်နီပြည်သူ့ရင်ခွင် ရဲ့ ဌာနမှူး ကိုယုန်လင်းက ပြောပါတယ်။

“၃၀ ရာခိုင်နှုန်းက တကယ်တမ်း သုံးတာပဲရှိတယ်ပေါ့နော။ တကယ်တမ်း ၅၀ ရာခိုင်နှုန်းအထိ သုံးလို့ရတယ်။ ဒါပေမဲ့ ၃၀ ရာခိုင်နှုန်းပဲ သုံးတာဖြစ်တယ်။ နောက်ကျန်တဲ့သူတွေက ရုံးပိုင်းတွေလုပ်ကြတယ်။ အချို့ကလည်း ထောက်ပို့ပိုင်းတွေလုပ်ကြတယ်။ တချို့ကလည်း နဂိုကတည်းက အခွင့်အရေးပေးထားတယ်။ အေးဆေးနားချင်လား မိသားစုနဲ့နေချင်သူတွေကိုလည်း ပေးနားတာရှိတယ်။ သူတို့ရဲ့မိသားစုနဲ့ ရပ်တည်နိုင်ဖို့လည်း လက်ရှိအခြေနေမှာ လုပ်ဆောင်နေတယ် ။ အခုလည်း ကိုယ့်မိသားစုနဲ့ကိုယ် ရပ်တည်နေပါပြီ စည်းနဲ့ဘောင်နဲ့ ပေါ့နော။”လို့ ကိုယုန်လင်းက ပြောပါတယ်။

၂၀၂၃ခုနှစ်အတွင်း ပြည်သူ့ရင်ခွင်မှာ CDM ပြုလုပ်သူအယောက် ၃၀ ကျော်ရှိပြီး အများစုကတော့ တပ်မ ၆၆ လက်အောက်ခံ၊ တပ်မ ၅၅ နဲ့ ကရင်နီပြည်အခြေစိုက် တပ်ရင်းတွေကနေ ခိုလှုံလာတဲ့ သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ကာလကြာလာတာနဲ့အမျှ စစ်ကောင်စီတပ်တွင်းမှာ မခံနိုင်တဲ့ဖိအားတွေ၊ အာဏာရှင်စနစ်ကိုမကြိုက်တာ၊ တပ်မ ဖွဲ့စည်းပုံ ပျက်ယွင်းလာတာကြောင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာကြသူတွေဖြစ်တယ်လို့ ကိုယုန်လင်းက ရှင်းပြပါတယ်။

လက်ရှိမှာလည်း ဒေသတွင်းတိုက်ပွဲတွေမှာ CDM ဌာနကနေ စစ်ကြောင်းတကြောင်း ဦးဆောင်ပြီး စစ်ကောင်စီရဲ့စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်နေတာလည်းရှိတယ်လို့ ကိုယုန်လင်းက ဆက်ပြောပါတယ်။

“တိုက်ပွဲတွေက တောက်လျှောက်ဝင်နေပြီပေါ့နော။ မယ်စဲ့မြို့မရဲစခန်းကိုသိမ်းတာ CDM တွေအများကြီးပါတယ်။ ကျနော်တို့ကိုယ်တိုင်ဦးဆောင်ပြီးတော့ တိုက်ပွဲတွေမှာ ရဲစခန်းကိုဦးဆောင်ပြီး သိမ်းတဲ့မျိုးတွေ လုပ်တယ်။ ပန်တိန်းကိုသိမ်းတာလည်း CDM ပါတယ်။ ဖားဆောင်းကနေ လာတဲ့စစ်ကောင်စီကို တော်လှန်တဲ့နေရာမှာလည်း CDM တွေ အများစုပါတယ်ပေါ့နော။ တော်လှန်ချင်တဲ့သူရယ် တော်လှန်နိုင်တဲ့သူတွေကို ကျနော်တို့ပို့ပေးတယ်။ ဒီးမော့ဆို ဒေါညေးခူ၊ ဒေါကမီး တကြောမှာလည်း တောက်လျှောက်ပါတယ်ပေါ့နော။ ထိခိုက်ဒဏ်ရာလည်းရသူရှိသလို CDM ထဲကနေ ရဲဘော်တွေ ကိုယ်တိုင်ဦးဆောင်ပြီးတော့ တိုက်တဲ့ စစ်ကြောင်းတကြောင်း ဦးဆောင်ပြီးတိုက်တာမျိုးလည်း ဦးဆောင်ပြီးလုပ်နိုင်တဲ့ အနေအထားမျိုးရှိနေပြီပေါ့။”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်လအတွင်း လက်နက်မဲ့ ခိုလှုံလာသူ ၁၀ ဦး ကျော်နဲ့ လက်နက်နဲ့အတူ ခိုလှုံသူ ၃ ဦးရှိတယ်လို့ ဆိုပါတယ်။

လက်နက်အပြည့်အစုံနဲ့ခိုလှုံလာသူတွေကိုတော့ ဆုကြေးငွေ ချီးမြင့်တာတွေ ရှိနေပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) လက်အောက်က CDM ဌာနမှာ စစ်ကောင်စီတပ်သားတွေအတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေးအစီအစဉ်တွေကို ပြုလုပ်ထားတာပါ။

အလားတူ KNPP ရဲ့ ဘက်ပြောင်းခိုလှုံသူများ နဲ့ CDM ကြီးကြပ်ရေးကော်မတီကနေလည်း CDM ပြုလုပ်ပြီး ဝင်ရောက်လာမဲ့ စစ်ကောင်စီတပ်သားတွေအတွက် နေရာထိုင်ခင်းနဲ့ လုံခြုံရေးကို စီစဉ်ထားပေးတာကြောင့်
ပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ ဖိတ်ခေါ်ထားပါတယ်။

spot_img
spot_img

Recent posts