spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

CDM ဆရာဝန် နဲ့ သူနာပြုတွေက ယခင် ၅၀၅(က)ဖြင့် တရားစွဲခံရသူများမဟုတ်ဟုဆို

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ ခရစ္စတူးဘုရင်ဗဟိုဘုရားကျောင်းရှိ ဂရုဏာဆေးခန်းမှာ ပရဟိတ ဆေးကုပေးနေတဲ့ CDM ဆရာဝန် ၂ဦးနဲ့ သူနာပြု ၄ဦးက ယခင်က ၅၀၅ (က)ဖြင့် တရားစွဲဆိုခံ ထားရသူများမဟုတ်ကြောင်း ၎င်းဘုရားကျောင်းရှိ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားသွားပါတယ်။

ဖေဖော်ဝါရီလ မှာ CDM ပြုလုပ်ခဲ့တဲ့ မြို့နယ် ကုသရေး ဦးစီးဌာနက ဆရာဝန် ၂ဦး၊ လွိုင်ကော် ပြည်သူ့ဆေးရုံက သူနာပြု ၄ဦးကို ပုဒ်မ ၅၀၅(က)နဲ့ မတ်လမှာ တရားစွဲထားပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက်ကြောင့် ဥပဒေအရ အရေးယူသွားမယ်လို့ နိုဝင်ဘာလ ၂၃ ရက်နေ့ မြဝတီသတင်းဌာနကနေ ထုတ်လွှင့်ချက်က ယခင်က တရားစွဲဆိုခံထားရတဲ့သူမဟုတ်ကြောင်း ပြန်လည်တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

” ဒီမှာရှိတဲ့ ဆရာဝန်တွေ သူနာပြုတွေက ဘယ်သူမှ ၅၀၅(က) နဲ့စွဲထားတဲ့သူတွေ ဘယ်သူမှ မပါဘူးလေ။ အဲ့ဒီထဲ တစ်ယောက်မှမပါဘူး။ အခုကျမှ သူတို့ တပ်ပြီးတော့ လုပ်မလား အဲ့တာတော့ မပြောတတ်ဘူးပေါ့နော။ “

စစ်ကောင်စီက နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ နောင်ယားရပ်ကွက်မှာရှိတဲ့ ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းဝင်းထဲက ကရုဏာ ဆေးခန်းရှိ ဆရာဝန်နဲ့ သူနာပြုတွေ စုစုပေါင်း ၁၈ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နိုဝင်ဘာလ ၂၃ရက်နေ့ ည ၆ နာရီကျော်မှာ ပြန်လွှတ်ပေးလိုက်ပြီးနောက် ည ၈ နာရီမှာ မြဝတီသတင်းဌာနက အခုလို ထုတ်ပြန်ကြေငြာလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကရုဏာဆေးခန်းကို ခေတ္တပိတ်ထားရပြီး တတ်နိုင်သမျှညှိ့နှိုင်းမှုတွေပြန်လည်ပြုလုပ်ပြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆေးခန်းနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

” လောလောဆယ်ကတော့ အခြေအနေအရ ခဏလေးပေါ့နော။ တစ်ပတ်ဖြစ်ဖြစ် နှစ်ပတ်ဖြစ်ဖြစ် ရပ်နားထားပြီးတော့မှ ဒီကြားကာလမှာ ဆွေးနွေးမှုလေးတွေ အဆင်ပြေသွားမယ်ဆိုရင်တော့ ပြန်ပြီးတော့ လည်ပတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ လည်ပတ်နိုင်တဲ့ အချိန်မှာလည်း ကျနော်တို့ ကြော်ငြာပေးသွားမှာ ဖြစ်ပါတယ်။ “

ဆေးခန်းမှာ ဆေးကုသပမှု ခံယူနေတဲ့ လူနာ၄၈ဦးကိုလည်း လွိုင်ကော်ပြည့်သူ့ဆေးရုံကို လွဲပြောင်းလိုက်ပါတယ် လို့သိရပါတယ်။

ကရုဏာဆေးခန်းဟာ ဆေးခန်လိုင်စင်ပဲရှိပြီး ဆေးရုံလိုင်စင်မရှိပဲ အတွင်းလူနာတွေကို ထားတာကြောင့် ဝင်ရောက်စစ်ဆေးတာဖြစ်တယ်လို့ ဝင်ရောက် စစ်ဆေးတဲ့အချိန်မှာ ပြောတဲ့ အသံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံနေတာလည်း ရှိပါတယ်။

ကရုဏာဆေးခန်းဟာ ၁၉၉၈ခုနှစ်မှာ ဆေးခန်းလိုင်စင်ရရှိခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူနာတွေဟာ ဂရုဏာဆေးခန်းကိုပဲ ပြသတာတွေ များလာပြီး ခွဲစိတ်ဖို့နဲ့ မွေးလူနာတွေအတွက် အဆောင်တိုးချဲ့ပြီး ဆောင်ရွက်ပေးခဲ့ရတာဖြစ်ပါတယ်။

spot_img
spot_img