spot_img
Thursday, June 8, 2023
spot_imgspot_imgspot_imgspot_img

CDM ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒုရဲအုပ်အပါအဝင် တစ်ရာကျော်ရှိလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်တွေ CDMမှာ ပါ ဝင်တဲ့သူ တွေထဲမှာ ဒီးမောဆိုမြို့မရဲစခန်းကဆိုရင် ဒုရဲအုပ် အပါအဝင် တခြားရဲတပ်ဖွဲ့ဝင်တို့ပါဝင်လာကြတယ်လို့သိရပါတယ်။

CDMမှာ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့တွေကို ကယားပြည်နယ် သပိတ်ကော်မတီ ကနေပြီးတော့ လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားတာလည်း ရှိပါတယ်။

ဖရူဆိုမြို့မရဲစခန်းက CDM ဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ အခုလိုပါဝင်လာတာဟာ စစ်အာရှင်လက်အောက်မှာမနေချင်လို့ ပြည်သူလူထုနဲ့ပူးပေါင်းလာတာဖြစ်တယ်ဆိုပြီး ကယားပြည်နယ် သပိတ်ကော်မတီ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

“ အရင်ကကျနော်က ပြည်သူ့ရဲ ပြည်သူချစ်မယ့်ရဲတစ်ယောက်အဖြစ်ရဲထဲဝင်လာတာပါ။ ဒီလိုစစ်အာဏာလက်အောက်မှာနဲ့ ကြာလာရင် စစ်အာဏာလက်အောက်မရောက်ချင်လို့ ဒီလိုထွက်ပြေးလာတာပါ။ “

မတ်လ လေးရက် နေ့ ကယားပြည်နယ်မှာ CDM ဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ဝန်ထမ်း ၉ ဦးအထိရှိပါတယ်။ ကယားပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေ ဖေဖော်ဝါရီလ ၁၀ရက်နေ့ကစပြီး CDMမှာ ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။ ကယားမှာ ရဲဝန်ထမ်း ၂၄၀ ဦး အနက် CDM ပါဝင်သူ တစ်ရာကျော်ရှိပြီဖြစ်ပြီး တိုင်းနဲ့ပြည်နယ်တွေမှာ ကယားက ရဲတပ်ဖွဲ့ CDMပါဝင်မှု အများဆုံး ဖြစ်ပါတယ်။

Recent posts