spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

CDM ပါဝင်ရမှာကို မကြောက်ကြဖို့ ရဲတပ်သားတစ်ဦး တိုက်တွန်း၊ CDM ဝင်တဲဲ့ ရဲ ၁၅၀ ရှိလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တခြားရဲတပ်ဖွဲ့ဝင်တွေကိုလည်း မကြောက်ပဲနဲ့ ပါဝင်စေချင်တယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMမွာ ပါဝင်တဲ့ ရဲတပ်သား လ၂၇၄၅၁၅ ရဲတပ်သားလုကာ ကပြောပါတယ်။

တခြားရဲတပ်ဖွဲ့ဝင်တွေကလည်း ဒီလိုမျိုးပါဝင်ချင်ပေမယ့် ကြောက်ကြတဲ့သူတွေများတယ်ပေါ့နော။ CDM လုပ်လို့ရှိရင် ဘယ်မှာသွားရမယ် ဘယ်မှာနေရမယ်ဆိုတာ မသိတဲ့သူတွေများတယ်ပေါ့နော။ ထွက်ချင်ရင်လည်း မထွက်ရဲ အဲ့လိုလူတွေရှိတယ်။ လာစေချင်တယ်ပေါ့ဒီထဲ။ နောက်မကျခင်ပေါ့။

ရခိုင်ပြည်နယ်မှာ ရဲတပ်သားတာဝန်ကို နှစ်နှစ်ခွဲတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ပြည်သူနဲ့ အတူ အရေးတော်ပုံအောင်တဲ့ အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒီကနေ့မှာတော့ ရဲတပ်ဖွဲ့ဝင်၂၀ဦး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMမွာ ပူးပေါင်းပါဝင်လာပြီး စုစုပေါင်း ပါဝင်သူ ၁၅၀ကျော်ရှိသွားပြီလို့ သိရပါတယ်။

မယ်စဲ့ရဲကင်းစခန်းမှာ တာဝန်လေးနှစ်ထမ်းဆောင်ခဲ့တဲ့ လ၂၆၅၃၀၆ ရဲ့တပ်သား စောမန်းဒေးထူး ဟာ မိဘတွေခေတ်ပြန်ရောက်မှာကို ကြောက်တဲ့အတွက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMမွာ ပါဝင်လာတာဖြစ်တယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိခိုက်မှုတွေလည်းများလာတယ်။ အမေအဖေတို့ အဘိုးအဘွားတို့အချိန်မျိုးပြန်ရောက်မှာစိုးလို့ ပြည်သူတွေနဲ့ ပူးပေါင်းဖို့ အဲ့လိုမျိုးပါဝင်လာတယ်ပေါ့။

အခုလက်ရှိမှာတော့ ပြည်သူတွေရဲ့အထောက်အပံ့နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပါဝင်တဲ့ ရဲတပ်သားတွေကို လုံလုံခြုံခြုံထားရှိနေတယ်လို့ ကယားပြည်နယ် သပိတ်ကော်မတီရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုတိုက္က ပြောပါတယ်။

သပိတ်ကော်မတီကပဲ အစစအရာရာစီစဉ်ပေးနေတယ်။ ပြည်သူလူထုက ပံ့ပိုးတဲ့ ပံ့ပိုးမှုတွေနဲ့ ကျနော်တို့ ကကြားကနေ အကောင်းဆုံးဖြစ်အောင်စီမံပေးနေတယ်ပေါ့နော။ သူတို့ရဲ့မိသားစု သူတို့ရဲ့လုံခြုံရေး မိသားစုစားဝတ်နေရေးကအစ အားလုံးက ပြည်သူလူထုပံ့ပိုးတဲ့ဟာနဲ့ အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်။

သပိတ်ကော်မတီအနေနဲ့လည်း ဝန်ထမ်းတွေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပိုမို ပါဝင်လာဖို့ အရှိန်တိုးမြှင့်ပြီးဆောင်ရွက်လာတာကိုလည်း တွေ့ရပါတယ်။

spot_img
spot_img

Recent posts