CHDN ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ခွန်းဖိလစ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်)

CHDN ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ခွန်းဖိလစ်

ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရလက်လမ်းမမှီတဲ့ ကျေးလက်ဒေသတွေဘက်မှာ လူထုတွေကျန်းမာရေး စောင့်ရှောက်မှုတွေကို လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) အဖွဲ့ကနေပြီး တစ်ဖက်တစ်လမ်းဆောင်ရွက်ပေးနေပါတယ်။

ကရင်နီ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်လို့ လက်ရှိ အစိုးရဘက်ကဖော်ဆောင်နေတဲ့ မူပေါ်လစီနဲ့ ဖက်ဒရယ်ကျန်းမာရေးစနစ်သုံးသပ်ချက်တွေကို ကန္တာရဝတီတိုင်း(မ်)ကနေ ခွန်းဖိလစ်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

ခွန်းဖိလစ်က လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) မှ ဒါရိုက်တာ တစ်ဦးဖြစ်ပါတယ်။

CHDN အဖွဲ့ဟာဆိုရင် ကရင်နီပြည်နယ်ဒေသအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုအဖွဲ့တွေကနေ စုစည်းထားတဲ့အဖွဲ့ဖြစ်ပြီး အစိုးရလက်လှမ်းမမီတဲ့ ကျေးလက်ဒေသတွေဘက်မှာ အဓိက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

မေး။ ။ ဆရာတို့အဖွဲ့က အဓိက ကျေးလက်က ကျန်းမာရေးကဏ္ဍကိုကူညီရင်း တစ်ဖက်မှာလည်း ဖက်ဒရယ်ကျန်းမာရေးစနစ်ကိုဖော်ဆောင်နေတယ်ဆိုတော့ ဖက်ဒရယ် ကျန်းမာရေးစနစ်ဆိုတာပါလဲ။

ဖြေ။ ။ ဖက်ဒရယ်ကျန်းမာရေးစနစ်ဆိုတာက ပြည်နယ်တွေမှာ ကိုယ်ပိုင်စီမံခန့်ခွဲတာ ဗဟိုကနေထိန်းချုပ်တာမဟုတ်ပဲ ကိုယ်ပိုင်စီမံခန့်ခွဲနိုင်တယ်။လူထုနဲ့ လူထုပူးပေါင်းဆောင်ရွက်နိုင်တဲ့ ကျန်းမာရေးစနစ်လို့ပဲ ကျနော်အဲလိုပဲနားလည်တယ်။

မေး ။ ။ ဖက်ဒရယ်ကျန်းမာရေးစနစ်မရှိတော့ ပြည်နယ်ဒေသတွေဘက်မှာပါအခက်အခဲတွေရှိပါသလဲ။

ဖြေ ။ ။ ။ ဖက်ဒရယ်ကျန်းမာရေးစနစ်မရှိတာက ဗဟိုထိန်းချုပ်မှု အရမ်းများတဲ့အခါကျတော့ ဗဟိုက ဆုံးဖြတ်ချက်နဲ့လုပ်တဲ့ဟာတွေက ဘယ်လိုပြောရမလဲ အသုံးမတက်တာပေါ့။ ဥပမာ ထားလိုက်ပါဆို့ outbreak ပေါ့နော် ကပ်ရောဂါတခုဖြစ်ပြီဆိုရင် သူ့လုပ်ထုံလုပ်နည်းအရ အဆင့်ကဲဆင့်ကဲတင်ပြရမယ်ပြီးရင် ဗဟိုညွန်ကြားချက်ကို စောင့်ပြီးမှ ဆင့်ကဲဆင့်ကဲပြန်လုပ်ရမယ်။ အဲလိုမျိုးကိစ္စတွေကြောင့်မို့လို့ ဝန်ထမ်းရွေးခြယ်ခန့်ထားရေးမှာလည်း ဗဟိုကနေ လေ့ကျင့်ပြီးတော့မှ သင်ကြားပေးတယ်။ အောက်မှာလည်း ဒေသခံနဲ့သဟဇာတတွေ ဒေသခံဘာသာစကားတွေ ယဉ်ကျေးမှုဓလေ့တွေကိုနားမလည်ဘူး လူထုနဲ့အဆင်မပြေဘူး။ ဆိုးကျိုးတွေကတော့ အများကြီးရှိတယ်ဘယ်လိုပြောရမလဲဆိုရင် Centralize လုပ်ခြင်းအားဖြင့် ဗဟိုကပဲ တိုက်ရိုက်ဆုံးဖြတ်တဲ့လုပ်ရပ်ဟာဆိုရင် တော်တော်များများ ဒေသနဲ့အံဝင်ဂွင်ကျမဖြစ်တဲ့ဟာကျတော့ ပြဿနာနဲ့အခက်အခဲတွေ အများကြီးဖြစ်တယ်ပေါ့နော်။

မေး ။ ။ လက်ရှိမြန်မာအစိုးရရဲ့ ကျန်းမာရေးမူပေါလစီက

ဖြေ။ ။ ကျနော်ကထင်ပါတယ်။ ကျန်းမာရေးဆိုင်ရာမူဝါဒတွေက အစိုးရကလည်း သူဆွဲထားတာတွေရှိပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းကျတော့ တချို့ကိစ္စရပ်တွေက မူဝါဒအရလို့ပြောပေမယ့်လည်း အပြင်မှာက မူဝါဒအတိုင်းမဖြစ်တာတွေ ကျင့်သုံးလို့မရတာတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် National Health plan ပေါ့နော်။ NLD အစိုးရလက်ထဲမှာက အမျိုးသားကျန်းမာရေးစီမံကိန်းဆိုပြီးတော့မှ NHP ဆိုတဲ့ National လုပ်လိုက်တဲ့အထဲမှာ တချို့က အောက်ခြေက နားလည်ပြီးတော့မှ သိရှိဆောင်ရွက်မှုတွေ အဆင့်အဆင့်ပေါ့အား အရမ်းနည်းနေတယ်။ အကောင်အထည် မဖော်နိုင်တာတွေ အများကြီးရှိနေတယ်။ အဲလိုမျိုးပေါ့။ ဆိုတော့ မူဝါဒအပေါ်မှာတော့ အစိုးရက အကောင်းဆုံးဆိုတဲ့ဟာ ရေးဆွဲကြမယ်ဆိုပြီးတော့မှ ရေးဆွဲကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ခုနကလိုမျိုးပေါ့ ဒေသခံအသံမပါဘူး။ အောက်မှာ လုပ်တဲ့အောက်မှာ အကောင်အထည်ဖော်တဲ့ လူတွေက နားမလည်တော့ မလုပ်ဘူးဆိုတဲ့ မူဝါဒကလည်း စာအုပ်ပေါ်မှာပဲ ရှိနေမှာပေါ့။

မေး ။ ။ အစိုးရရဲ့ ကျန်းမာရေးမူဝါဒက ဘာတွေ အဓိကလိုအပ်နေတယ်လို့ထင်ပါသလဲ။

ဖြေ။ ။ အကောင်အထည်ဖော်မှုအပိုင်းမှာက လိုအပ်တယ်။ ပြီးတော့ ဒီလုပ်ငန်းတစ်ခု အောင်မြင်တယ်။ ကျဆုံးတယ်ဆိုတဲ့ Monitoring and Evaluation (M&E) ကိစ္စတွေမှာ အများကြီးတော့လိုအပ်တယ်။ ပြီးတော့မှ ဒီ ဝန်ထမ်းယောက်တိုင်းစီက သူတို့အစိုးရဲ့မူဝါဒနဲ့ ရှေ့ဆက်သွားမည့် ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေ သေချာသဘောပေါက်ပြီးတော့ လိုက်နာဆောင်ရွက်ဖို့တော့ အများကြီးလိုအပ်နေပါသေးတယ်။

မေး ။ ။ ကျေလက်တွေဘက်တွေမှာ ကျန်းမာရေးဆေးခန်းတွေမရှိဘူး။ တချို့နေရာမှာတော့ ဆေးခန်းဆောက်လုပ်ထားတယ် တာဝန်ကျဆရာမ မရှိဘူးပေါ့။ ဒါတွေက ဖက်ဒရယ်ကျန်းမာရေးမူဝါဒါနဲ့ဘယ်လိုသက်ဆိုင်ပါသလဲ။

ဖြေ။ ။ သူ့ရဲ့သတ်မှတ်ချက်က လူဦးရေတခုပဲ အပေါ်အခြေမခံတဲ့ဟာတွေ တခါတလေ ဒီခက်ခဲတဲ့ဒေသတွေလာအခြားသော အကြောင်းအရာ သတ်မှတ်ချက်တွေ ထည့်စဉ်းစားဖို့လိုတာပေါ့။ ဥပမာ မြို့မှာကတော့ လူနေစိပ်လို့ လူဦးရေ အရဆေးခန်းတွေအများကြီးရှိပြီးတော့မှ တောင်ပေါ်မှာက လူနေကျဲပေမယ့်လို့ သူတို့ကို လူဦးရေများမပြည့်လို့ချန်ထားလိုက်မယ်ဆိုရင် တစ်ရွာနဲ့တရွာ ဆက်သွယ်ရအရမ်းချက်ခဲမယ်ဆိုရင် ဒါဆိုလို့ရှိရင် ကျန်းမာရေး အရက ဒီတောင်ပေါ်မှာနေတဲ့သူတွေက ကျန်းမာရေးအရ လျစ်လျူရှုခံရတာတို့ သို့မဟုတ်ရင် ချန်ထားခံရတာတို့အဲလိုမျိုး တွေးစရာဖြစ်လာတာပေါ့။

မေး ။ ။ ဆေးခန်းတွေဆောက်ပြီး ဆရာမတွေမရှိတာတွေက ဗဟိုထိန်းချုပ်မှုတွေကြောင့်လား။ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ အဆောက်အဦးပဲဆောက်ထားပေးတယ်။ ဝန်ထမ်းတွေလည်း ဒီဝန်ထမ်းတွေအတွက် လိုအပ်တဲ့အင်အားတွေ equipment ဆေးဝါးတွေမထားပေးနိုင်ဘူးလေး။ ဆိုတော့ တခါတလေကျတော့လည်း ဖျားနာလို့ လာမယ်ဆိုလို့ရှိရင် ဆေးမရှိဘူးဆိုရင်လည်း ဆရာမရှိတယ် အဆောက်အဦးရှိတယ်ဆိုရင်တောင်မှ အထောက်အကူပစ္စည်းမရှိတဲ့အခါကျတော့ အဆင်မပြေဘူး။ နောက်ဆရာ/မ ခုနက ပထမက ပြောသလိုမျိုး ဒေသခံတွေမဟုတ်တဲ့အခါကျတော့ ဒေသခံနဲ့ဆက်သွယ်ရ ဘာသာစကားဆက်သွယ်ရအခက်အခဲတွေရှိမယ်။ ဒေသခံကြားထဲမှာလည်း မနေနိုင်ဘူးအဲလိုမျိုးပေါ့။ ပြီးတော့က တချို့ကတော့ရှိမယ် ဒေသခံတွေဖြစ်မယ် အဆောက်အဦးလည်းရှိနေမယ် ဒါပေမယ့် အပေါ်က ပံ့ပိုးမှု ဆေးဝါးဆိုင်ရာ ပံ့ပိုးမှုမရှိတဲ့အခါကျတော့ ဘာမှ မလုပ်ပေးနိုင်တာအဲလိုမျိုးတွေကြောင့် အမျိုးမျိုးကြောင့်ဖြစ်နေကြတာပေါ့နော်။ ဒီလိုမျိုးဆရာမတွေ ဆေးရုံဆေးခန်းတွေ Function မဖြစ်နေတဲ့အခါကျတော့ အကြောင်းအချက် တစ်ခုကြောင့်တည်းမဟုတ်ဘူးပေါ့နော်။ အကြောင်းအရာအမျိုးမျိုးရှိမှာပါ။

မေး ။ ။ ကျေးလက်ကျန်းမာရေးကဏ္ဍတွေကကော လက်ရှိငြိမ်းချမ်းရေးနဲ့သက်ဆိုင်နေလား။ ဘာကြောင့်လဲ။

ဖြေ ။ ။ ဆိုင်တယ်လေး။ ကျနော်တို့နားလည်ထားတာက ကျန်းမာရေးက လူတိုင်းလွှတ်လပ်စွာဆေးကုသခွင့်က ဒါကလူ့အခွင့်အရေးပဲလေး။ လူ့အခွင့်အရေးဆိုတာက ဒီနိုင်ငံရေးဖြစ်စဉ်နဲ့ ခုနက ငြိမ်းချမ်းရေးကို အများကြီးမူတည်တာပေါ့။ အကယ်၍ကျနော်တို့က ဟိုစစ်ကြောင့်ပဋိပက္ခတွေဖြစ်ကြတယ်ဆိုတာက ခုနက ဆေးရုံသွားဖို့ကိစ္စရပ်တွေက တောထဲမှာကျန်းမာရေးနဲ့မညီညွတ်ပဲနေထိုင်ရတဲ့ကိစ္စရပ်တွေက ဖြစ်လာတော့ အများကြီးဆက်စပ်တယ်။ ငြိမ်းချမ်းမယ်ဆိုရင်တော့ ကျန်းမာရေးလုပ်ငန်းတွေကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်မယ် ပြီးတော့မှ ကျန်းမာရေးနဲ့ဆိုင်တဲ့အဆောက်အဦးတွေ ဝန်ထမ်းလေ့ကျင့်သင်ပြမှုတွေ အများကြီး လုပ်နိုင်မယ်ဆိုတော့ ဆက်စပ်ပါတယ်။ စစ်နဲ့ငြိမ်းချမ်းရေးကတော့ မငြိမ်းချမ်းနေသ၍ စစ်ဖြစ်နေသေးသ၍တော့ ဒီကျန်းမာရေးကဏ္ဍကတော့ အောင်မြင်အောင် ကျနော်တို့ ဘယ်လောက်ကောင်းတဲ့ မူဝါဒတွေ ချချ ဘယ်လောက်ကောင်းတဲ့ အစီအစဉ်တွေချချ ကျနော်တို့ လုပ်ဖို့မလွယ်ပါဘူး။

မေး ။ ။ ဆရာတို့ရဲ့နယ်လှည့်ကျန်းမာရေးအဖွဲ့တွေအနေနဲ့ ကရင်နီပြည်နယ်အတွင်းမှာ ကျေးရွာဘယ်လောက်အထိ ဆေးတွေလိုက်ကုပေးနိုင်လဲ။

ဖြေ။ ။ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ဟာက ပုံစံနှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ အထိုင်ဆေးခန်းတွေချပြီးတော့ လူနာတွေကို ကျန်းမာရေးစောင့်ရှောက်ပေးတယ်။ နောက်တခုက ကျောပိုးအိတ်လုပ်သားတွေပေါ့ Backpack

လို့ကျနော်တို့ပြောတယ်။ ကျော်ပိုးအိတ်လုပ်သားတွေနဲ့ တစ်ရွာဝင်တစ်ရွာထွက် ကျန်းမာရေးဝန်ဆောင်မှုရှိတယ်။ အဲဒီထဲမှာ ကျနော်တို့အားလုံးထဲမှာမှCHDN ထဲမှာ အထိုင်ဆေးခန်းက ၂၆ ခုရှိပါတယ်။ Backpack နဲ့ ကျော်ပိုးအိတ်နဲ့သွားနေတဲ့ဟာကတော့ ဒီနယ်လှည်ကျော်ပိုးအိတ်နဲ့ တစ်ရွာဝင်တစ်ရွာထွက်သွားနေတာက အားလုံး ၅၄ ခုရှိတယ်။ အားလုံးကတော့ ၉၀ ကျော်ရှိတယ်။ ကျနော်တို့ ပရောဂျက်ဧရိယာကတော့ မြို့နယ် ၉ ခုခုပါ။ ကယားပြည်နယ်က ၇ မြို့နယ်အပါအဝင်၊ ရှမ်းပြည်နယ်ဘက်က ဖယ်ခုံမြို့နယ်၊ ကယန်းဒေသဘက်က သံတောင်ကြီးဒေသပါတယ်။ ပင်လောင်းပါတယ်။ ကျေးရွာ ပေါင်း ၁၀၀၀ ကျော်ပါတယ်။

မေး။ ။ ဒီလို ကျန်းမာရေးကဏ္ဍကိုတခြားအဖွဲ့အစည်းတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်တာလဲ။

ဖြေ။ ။ ပထမတစ်ပိုင်းက ဒီအစိုးရ ကျန်းမာရေးဆိုင်ရာဌာနနဲ့က ၂၀၁၂ နောက်ပိုင်းမှာ လုပ်ငန်းပူးပေါင်းတာ တချို့ရှိပါတယ်။ ဥပမာ အစိုးရကနေ လုပ်တဲ့ကာကွယ်ဆေးတွေရှိမယ်။ မိခင်နဲ့ကလေး ကာကွယ်စောက်ရှောက်ရေးလုပ်မယ်။ ကျနော်တို့မကုနိုင်တဲ့ လူနာတွေကို အစိုးရဆေးရုံဆေးပေးခန်းတွေလွှတ်ပေးတယ်။ နောက်တစ်ပိုင်းက ကျနော်တို့တိုင်းရင်းသားအချင်းချင်းပေါ့နော် ဥပမာ ရှမ်းတို့ကရင်တို့ မွန်တို့ချင်းတို့ နဲ့လည်း ကျနော်တို့ Network လုပ်ထားတာရှိပါတယ် ။ ကျနော်တို့ ၃ လတစ်ကြိမ်ဆုံပြီးတော့မှ ကျနော်တို့ ကျန်းမာရေးဆိုင်ရာ မူဝါဒအပိုင်းတွေလည်း ဆွေးနွေးကြတယ်။ တိုင်းရင်းသားတွေ တချိန်ကျရင် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် Centralize ဗဟိုအာဏာချုပ်ကိုင်မှုတွေ လျော့ချလာရမယ် ပြီးတော့ပြည်နယ်အတွင်းမှာရှိတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေ အဲလိုမျိုးမူဝါဒပိုင်းဆိုင်ရာ ဆွဲမယ်ဆိုလို့ရှိရင် ပြည်နယ်အလိုက် ဘာအချက်တွေလိုမလဲ။ ဘယ်အချက်တွေကို အလေးထားရမလဲဆိုတာတွေ စာရွက်ပေးမှာ အခြေခံစာတမ်းတွေပြုစုထားတယ်။ ဖက်ဒရယ်နဲ့ပတ်သက်တဲ့မူကြမ်းတွေ အခုထိကျနော်တို့ထဲမှာ ညှိနှိုင်းပြီးတော့မှ မူကြမ်းအားဖြစ်သဘောတူထားတာတွေ လုပ်ထားတာတွေရှိတယ်။

Comments

comments

Next Post

တရားမဝင်သစ်ဖမ်းဆီးရမိ တရားခံရှာဖွေဆဲဟုဆို

Tue Apr 7 , 2020
ကန္တာရဝတီတိုင်း(မ်) မယ်စဲမြို့နယ်၊ သံလွင်အရှေ့ဘက်ခြမ်း(၂) ကြိုးဝိုင်းကာကွယ်တော အတွင်းမှာ တရားမဝင်သစ်တွေကိုဖမ်းဆီးရမိခဲ့ပေမဲ့ အခုလက်ရှိအချိန်ထိတော့ တရားခံတွေကို ရှာဖွေနေဆဲဘဲ ဖြစ်တယ်လို့မယ်စဲ့မြို့နယ်၊ သစ်တောဦးစီးဌာနမှူး ဦးစိုင်းသန်းညွှန့်က ပြောပါတယ်။ “ တရားခံက သူတို့မနေ့ကလောက်ထိတော့ရှာနေသေးတယ် တပ်က ရှာနေတယ် အဖွဲ့အစည်းနယ်မြေဖြစ်တာကောနော် အဖွဲ့အစည်းနယ်မြေဆိုတော့ ကျတော်တို့ကတပ်က ရှာလို့တွေ့လို့ဘာညာ ဆိုရင်တော့တစ်မျိုးပေါ့နော်။” လို့ပြောပါတယ်။ ကယားပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်တဲ့ သစ်တောဝန်ထမ်းတွေ၊ ဒကစ(လွိုင်ကော်)မှ တပ်ဖွဲ့ဝင်တွေ၊ ခလရ(၁၃၄၊ ၁၃၅)မှ တပ်ဖွဲ့ဝင်တွေ၊ ခမရ(၄၂၉)မှ တပ်ဖွဲ့ဝင်တွေ၊ ခရိုင်ထွေအုပ်ရုံးမှအဖွဲ့ဝင်တွေ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကနေ ပါဝင်ပူးပေါင်းထားတဲ့အဖွဲ့တွေကနေပြီး ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ Forest Department Facebook စာမျက်နှာအရ သိရပါတယ်။ မယ်စဲမြို့နယ်၊ သံလွင်အရှေ့ဘက်ခြမ်း(၂) ကြိုးဝိုင်းကာကွယ်တော အတွင်းမှာ […]