spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

COVID-19 ဓာတ်ခွဲအတည်ပြုလူနာအမှတ် (Case – 110) သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရန်ကုန်မြို့ တောင်ဥက္ကလာပအထူးကုဆေးရုံ၌ ဆေးကုသမှု ခံယူနေခဲ့သည့် အတည်ပြုလူနာအမှတ် (Case – 110) သည် ယနေ့ ဧပြီ ၂၉ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်လိုက်သည်။

COVID-19 ရောဂါ ကူးစက်ခံရကြောင်း ဧပြီလ ၁၉ ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုခဲ့သည့် အတည်ပြုလူနာအမှတ် (Case – 110) သည် ဧပြီလ ၂၀ ရက်နေ့မှစတင်၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေရာမှ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ အသက်ရှူလမ်းကြောင်း အတွင်း ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းနှင့် ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် ယနေ့ နံနက် (၁၁:၁၅)နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အသက် (၆၃)နှစ်အရွယ် အမျိုးသားဖြစ်ပြီး သွေးတိုးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါ အခံရှိကြောင်း သိရသည်။

လက်ရှိအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁၅၀ ဦး ရှိပြီဖြစ်ပြီး ပြန်လည် သက်သာလာသူ ၁၆ ဦးနှင့် သေဆုံးသူ ၆ ဦး ရှိသွားပြီ ဖြစ်သည်။

spot_img
spot_img

Recent posts