spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

Covid-19 နှင့် မြန်မာနိုင်ငံ၏ အခြေအနေ

Author

Date

Category

WHO ၏ (၂၁.၃.၂၀၂၀) ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းမှာ Covic – 19 ကူးစက်ခံရသူ ၃ သိန်းကျော်နဲ့ သေဆုံးသူပေါင်း ၁ သောင်းကျော် ရှိနေပြီဖြစ်သည်။ (https://www.who.int/emergencies/diseases/novel-coronavirus-2019/situation-reports)

ကူးစက်မှုအမြင့်မားဆုံးနိုင်ငံမှာ အီတလီနိုင်ငံဖြစ်ပြီး ရောဂါကနဦးစတင်သောနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ဒုတိယနေရာလိုက်ကာ တတိယလိုက်သောနိုင်ငံမှာ အီရန်နိုင်ငံဖြစ်သည်။

ရောဂါစတင်ဖြစ်ပွားရာနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အခြားကမ္ဘာတစ်ခြမ်းတွင် တည်ရှိသော အမေရိကန်နိုင်ငံသည် ကူးစက်မှုနုန်း စတုတ္ထလိုက်သောနိုင်ငံ ဖြစ်လာသည်။

တရုတ်နိုင်ငံသည် ကပ်ရောဂါ၏ဇစ်မြစ်ဖြစ်သော်လည်း ယနေ့တွင် ရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံသည် အီတလီနိုင်ငံဖြစ်နေသည်မှာ စဉ်းစားစရာပင်ဖြစ်သည်။ မြန်မာနိုင်တွင် Covid-19 ပိုးတွေ့သူ ရှိကြောင်း (၂၃.၃.၂၀၂) ရက်နေ့ ည (၁၂)နာရီ မတ်တင်းတွင် သိရသည်။

သတင်းညတွင်းချင်းပြန့်နံ့သွားသည်။ အများပြည်သူ စိုးရိမ်မှုမြင့်တက်လာ သည်ကို တွေ့ရှိရသည်။ သဘာဝကပ်ဘေးနှင့်ပါတ်သက်ပြီးမြန်မာနိုင်ငံ၏ အခြေအနေ ဘယ်အဆင့်ရောက်နေသည်ကို သုံးသပ်တင်ပြလိုပါသည်။

မြန်မာနိုင်ငံတွင် Covid-19 ပိုးမတွေ့မီ ကူးစက်သူမရှိဟူသော အချက်အား သို့လောသို့လောနှင့် ပြောဆိုသံတွေ ဆူညံနေကြသည်။ အချို့မှာ ကူးသန်းသွားလာမှုနည်းသောကြောင့်၊ အချို့မှာ အပူပိုင်းဖြစ်သောကြောင့်၊ အချို့မှာ သတင်းအချက်အလက်မရရှိသောကြောင့်၊ အချို့မှာ အစိုးရ၏ စီမံခန့်ခွဲမှု ကောင်းသောကြောင့် အမျိုးမျိုးဝေဖန်ရေးသားနေသည်ကို လိုင်းပေါ်တွင် နေ့စဉ်နှင့် အမျှ တွေ့ရပေသည်။

မြန်မာနိုင်ငံသို့ ရောဂါရောက်ရှိမှုနောက်ကျပြီး ရောဂါတွေ့ရှိမှုမရှိသလောက်နည်းရခြင်းမှာ ကူးသန်းသွားလာမှုနည်းသောကြောင့် ဟူသောအချက်ကို ငြင်းလို့မရပေ။ ဘာကြောင့်လဲဆိုတော့ တရုတ်ခရီးသွား အသွားအများဆုံးနိုင်ငံများ (၁၀) နိုင်ငံတွင် ထိုင်းနိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် အီတလီနိုင်ငံ တို့ပါဝင်သောကြောင့် ဖြစ်သည်။ (https://www.traveller.com.au/top-countries-for-chinese-tourists)

ခရီးသွား လုပ်ငန်းကဲ့သို့ ကူးလူးဆက်သွယ်ရသော အခြားလုပ်ငန်းများကြောင့်လည်း နည်းပညာဖွံ့ဖြိုးသော နိုင်ငံများသည် ရောဂါကူးစက်မှုနှုန်း ပိုမြန်ခြင်းလည်းဖြစ်နိုင်ပါသည်။

အပူပိုင်းဖြစ်သောကြောင့်ဟူသော အကြောင်းပြချက်မှာ ပူသောရာသီဥတုရှိသော တောင်အဖရိကနိုင်ငံကို ထောက်ရှုခြင်းအားဖြင့် ယုတ္တိမရှိသော အကြောင်းပြချက်ပင် ဖြစ်သည်ဟု သိနိုင်သည်။

သတင်းအချက်မရရှိသောကြောင့်ဟူသောအချက်နှင့်ပါတသက်၍ အင်တာနက်သုံးစွဲမှုနှုန်းသည် ကမ္ဘာ့နိုင်ငံ ၂၁၅ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့် ၁၆၀ တွင်ရှိသဖြင့် ဆိုးရွားသည့် အခြေအနေဟုမဆိုသာပေ။ လူဦးရေနှင့် တွက်ပါက အင်တာနက်သုံးသူ ဦးရေမှာ တစ်နိုင်လုံးလူဦးရေ၏ ၃၀.၆၈ ရာခိုင်နှုန်းရှိသည်။

(https://en.wikipedia.org/wiki/List_of_countries_by_number_of_Internet_users) သို့ကြောင့် ရောဂါကူးစက်သူ တွေ့ရှိပါက သတင်းပြန့်နှံ့ရန် မခက်ခဲလှဟုဆိုချင်ပါသည်။ အင်တာနက်မရသော ကျေးလက် တောရွာများမှာလည်း လူဝင်လူထွက် မရှိသလောက်ရှိသဖြင့် ရောဂါကူးစက်ရန် မလွယ်ကူလှပေ။ နိုင်ငံ၏ဝင်ပေါက် ဂိတ်မှန်သမျှ သေချာစွာ စီစစ်ရန်သာ လိုအပ်သည်။
အစိုးရ၏စီမံခန့်မှုကောင်းသောကြောင့်ဟူသော အချက်နှင့်ပါတ်သက်၍ လေ့လာဆန်းစစ် ရန်လိုအပ်သည်။ သဘာဝဘေးတစ်ခု၏ ဖြစ်စဉ်မှာဟူ၍ တွေ့ရသည်။

မသေခြာမှုမှာ ရောဂါနှင့်ပါတ်သက်သော သတင်းအချက်အလက်မရရှိခြင်း၊ အသိပညာမရှိခြင်းတို့ပါဝင်သည်။ ဝူဟန်မြို့မှ ထူးဆန်းသည့် ရောဂါတစ်မျိုးစတင်ဖြစ်ပွား သည့်အချိန်ကပင် ရွှေမြန်မာများသိနှင့်ပြီးဖြစ်သည်။ ရောဂါလက္ခဏာ၊ ရောဂါမည်သို့ ကူးစက်နိုင်ကြောင်းကို အင်တာနက်ကတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်မှတစ်ဆင့် သိရှိကြပေသည်။

ရောဂါကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားသောအခါတွင်လည်း ဆောင်ရန်ရှောင်ရန်များကို အင်တာနက်ပေါ်မှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်သိကြသည်။ ရောဂါနှင့်ပါသက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ တောက်လျှောက် ထုတ်ပြန်နေသည်ကိုလည်းတွေ့ရှိရာ သတင်းအချက်အလက်နှင့် ပါတ်သက်၍ အားနည်းချက်သိပ်မရှိကြောင်းသုံးသပ်မိပါသည်။ သို့ကြောင့် ကပ်ရောဂါ၏ ပထမအဆင့်ဖြစ်သော မသေခြာမှု အဆင့်တွင်ပင် ထိထိ ရောက်ရောက် ကာကွယ်နိုင်သည် ဟုဆိုနိုင်ပါသည်။

ပထမအဆင့်ဖြစ်သော မသေခြာမရေရာမှုကို မကျော်လွှားနိုင်ပါက ရောဂါကူးစက်နိုင်ခြေများသော အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ရောဂါကူးစက်နိုင်ခြေ (Risk) အဆင့်တွင် သမာရိုးကျ လုပ်ထုံးလုပ်နည်းများဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်သည်။ ကိုင်တွယ်ဖြေရှင်း၍ရသော အခြေအနေဖြစ်သည်။

(၂၃.၃.၂၀၂၀) ရက်နေ့မှစ၍ နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်သော နိုင်ငံသားအားလုံးကို ၎င်းတို့၏ နေအိမ်များတွင် (၁၄) ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ကိုပြုလုပ်သွားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြေငြာခြင်းသည် ကပ်ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်သော လုပ်ထုံးလုပ်နည်း တစ်ရပ်ဖြစ်သည်။

၎င်းမတိုင်မီ လေဆိပ်ဝင်ထွက်များတွင် ကိုယ်ခန္ဓအပူချိန်တိုင်းခြင်းဖြင့် ရောဂါသယ်ဆောင်လာသူရှိမရှိ စစ်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။ သို့ကြောင့်ဖြစ်လည်း ရောဂါပိုးတွေ့သူ (၂) ဦးအား အစကနဦးကပင် စောင့်ကြည့်နေခဲ့၍ ရောဂါပိုးတွေ့သောအချိန်တွင် ကုသမှုဆက်လက်ဆောင်ရွက်နိုင်ပြီး ဆက်နွယ်ပါတ်သက်သူများအား အချိန်မီ ကာကွယ်တားဆီးနိင်မည်ဖြစ်သည်။ သို့သော် ယခုအခြေအနေအရ မြန်မာနိုင်ငံသည် ရောဂါကူးစက်နိုင်ခြေ (Risk) အဆင့်ကို ကျော်လွန်သွားပြီပြီသည်။ နောက်တစ်ဆင့်ဖြစ်သော ကပ်ဘေး (Crisis) အဆင့်အား ရင်ဆိုင်ရန်သာရှိတော့သည်။

မသေခြမရေရာမှု (Uncertainty) ကိုမကျော်လွှားနိုင်ပါက ရောဂါကူးစက်နိုင်ခြေ (Risk) များပြီး ကပ်ဘေး (Crisis)နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ရောဂါကူးစက်မှုနှင့် ကြုံရပြီး ၎င်းပြဿနာကို မည်သို့ကိုင်တွယ်ရမည်ကို မသိသောအဆင့်သည် ကပ်ဘေး(Crisis)ဖြစ်သည်။ အကြပ်အတည်းနှင့် ကြုံတွေ့ရသောအဆင့်ဖြစ်သည်။ အီတလီဝန်နိုင်ငံဝန်ကြီးချုပ် ငိုယိုပြီးဝမ်းနည်းပက်လက်ဖြစ်ခြင်းသည် ပြဿနာအား ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲသော အဆင့်ဖြစ်သော ကပ်ဘေး(Crissi) အဆင့်နှင့် ကြုံတွေ့ရခြင်းဖြစ်သည်။

ပုစ္ဆာတစ်ပုဒ်အားမည်သို့တွက်ချက်ရမည်ကို မသိသောအချိန်သည် ကျောင်းသားတစ်ဦးအတွက် အခက်ခဲဆုံးအချိန်ဖြစ်ပြီး ၎င်းအတွက် ကပ်ဘေး (Crisis) ပင်ဖြစ်သည်။

ပြဿနာတစ်ရပ်အတွက် အဖြေမထုတ်နိုင်ပါက အားလုံးစုံ ပျက်သုံးခြင်းဟူသော နောက်ဆုံးအဆင့်ဖြစ်သော ကပ်ဆိုက်မှု (Disaster) ဖြစ်ပေါ်လာပါတော့သည်။ ၎င်းအဆင့်တွင် ပျက်စီးဆုံးရှုးမှုမှာကြီးမှားပြီး ပြန်လည်ထူထောင်ရန် ခက်ခဲပြီး အချိန်၊ ငွေ၊ လူအားများစွာအားထုတ်ရသောဆင့် ဖြစ်သည်။ အီတလီနိုင်ငံအပါအဝင် တရုတ်၊ အမေရိကန်နှင့် တောင်ကိုးရီးယားနိုင်ငံများသိည ၎င်းတို့ရင်ဆိုင်နေရသော ကပ်ဘေး (Crissi) အား ကြံ့ကြံ့ခိုင်တုန့်ပြန်ရင်း ဘေးအန္တရယ် (Disaster) အဆင့် မရာက်အောင် ကြိုးစားရုန်းကန်နေကြရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ သဘာဝဘေးဖြစ်စဉ်၏ အဆင့် ၃ နေရာတွင်သို့ ရောက်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံသည် နည်းလမ်း ၂ လမ်းမှ ရောဂါကူးစက်နိုင်ခြေရှိသောအခြေအနေ (Risk)တွင်ရှိကြောင်းအများသိပြီးဖြစ်သည်။ နိုင်ငံတကာမှ မြန်မာရွေ့ပြောင်းလုပ်သားများသည် သင်္ကြန်ရုံးပိတ်ရက်အတွင်း ပြန်လာသူများနှင့် အခြားနိုင်ငံတွင် ရောဂါအခြေအနေ ဆိုးရွား လာသောကြောင့် ပြန်လာသူများမှတစ်ဆင့်လည်းကောင်း နိုင်ငံခြားသား ခရီးသွားများမှ တစ်ဆင့် လည်းကောင်း ရောဂါကူးစက်နိုင်ခြေရှိသည်။

ထိုအချက်များကြောင့် သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) အစီအစဉ်ဆောင်ရွက်ခြင်းနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရာနှစ်ဗီဇာအား (၃၀-၄-၂၀၂၀) ရက်နေ့အထိ ယာယီရပ်ဆိုင်းခြင်းများကို ဆောင်ရွက်ခြင်းဖြစ်သည်။ (https://www.mofa.gov.mm/additional-precautionary-restrictions-for-travellers)

ယနေ့အချိန်တွင် မြန်မာနိုင်ငံသည် သဘာဝဘေး၏ တတိယအဆင့်ဖြစ်သော ကပ်ဘေး (Crisis) အဆင့်သို့ရောက်ရှိပြီဖြစ်သောကြောင့် မိမိကိုယ်ခန္ဓာတွင် စတင်ပြီး စွဲလောင်သော မီးအား ဉီးစွာငြိမ်းရမည်ဖြစ်သည်။ မည်သူ့ကြောင့် စသည်ဖြင့် အပြစ်ဖို့နေမည့်အစား ကပ်ရောဂါအား တုန့်ပြန်ရန်အတွက် ဆောင်ရန်ရှောင်ရန်များ တိကျစွာ လိုက်နာဖို့လိုကြောင်း ရေးသားလိုက်ရပါသည်။

ခွန်းခူ (M.P.A)

spot_img
spot_img

Recent posts