spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၁ ဦးထပ်မံ တွေ့ရှိ၊ ယနေ့တစ်နေ့တည်း ၅ ဦးတွေ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)
ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါကြီးဖြစ်သည့် Covid-19 ရောဂါပိုး ကူးစက်ခံရသူ ဆက်လက်တိုးလာလျက် ရှိရာ ယနေ့ ည ၁၀း၁၅ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးရ အချက်အလက်များအရ ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ ၁ ဦး ထမ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၁ ဦးထပ်မံ တွေ့ရှိ၊ ယနေ့တစ်နေ့တည်း ၅ ဦးတွေ့

ယင်းကဲ့သို့ တစ်ဦး ထပ်မံတွေ့ရှိခဲ့ရသည့်အတွက် ယနေ့ ဧပြီလ ၁၀ ရက်နေ့ တစ်ရက်တည်းတွင် ရောဂါပိုး တွေ့ရှိသူ (၅) ဦးအထိ ရှိခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂၈) ဦးအထိ ရှိလာပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုး ကူးစက်ခံရသူများသည် ရန်ကုန်မှ ၁၈ ဦး၊ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှ ၄ ဦး၊ မန္တလေးမှ ၁ ဦး၊ ချင်းပြည်နယ် တီးတိန်မြို့မှ ၂ ဦး၊ မွန်ပြည်နယ် ကျိုက်မရောမြို့မှ ၁ ဦး၊ နေပြည်တော်မှ ၁ ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှ ၁ ဦးတို့ ဖြစ်ကြသည်။

Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၂၈ ဦးထဲမှ ၃ ဦးသည် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

spot_img
spot_img

Recent posts