spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

Deeku Education Center ကျောင်းသူ၊ ကျောင်းသားများမှ ပြန်လည်ပို့ချသော တစ်လတာ နွေရာသီအင်္ဂလိပ်စာအခြေခံ သင်တန်းဆင်းပွဲပြုလုပ်ခဲ့

Author

Date

Category

ကန္တရဝတီတိုင်း(မ်)

ထိုင်း – ကရင်နီ နယ်စပ်တစ်နေမှာ ဖွင့်လှစ်ထားတဲ့ Deeku Eduation Center (Pre GED) ကျောင်းကနေ တက်ရောက်ပြီးစီးခဲ့တဲ့ စစ်ဘေးရှောင် ကျောင်းသူ/သားတွေကနေ ပြန်လည်ပို့ချသင်ကြားပေးတဲ့ ၁ လတာ အခြေခံ အင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ဒီကနေ့ (မေလ ၃ ရက်) နေ့မှာ ထိုင်း-ကရင်နီ နယ်စပ် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ဒီ basic summer English course သင်တန်းရဲ့ အဓိကရည်ရွယ်ချက်က ကလေးတွေကို ဒီအတိုင်း အလဟဿမဖြစ်စေဘဲ တစ်ခုခုလုပ်ပေးချင်တယ်ပေါ့နော။ အင်္ဂလိပ်စာသင်တာဘဲမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာမှာလည်း ကျနော်တို့ ဖြေသိမ့်ပေးတာတွေရှိတယ်။ အဲ့တာတွေနဲ့အတူ ဒီသင်တန်းကို ဖွင့်ပြီးတော့ လာတက်ရောက်ခိုင်းခြင်း ဖြစ်တယ်ပေါ့နော” လို့ သင်တန်းဆရာတစ်ဦးဖြစ်သူ ခူးဘတ်ချောက ပြောပါတယ်။

၁ လတာ အင်္ဂလိပ်စာအခြေခံသင်တန်းမှာ Reading, writing, speaking, listening သင်တန်းကို အခြေခံအထက်တန်းကျောင်းက ကျောင်းသူ/သား ၁၁၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းပြီးဆုံးကြောင်း လက်မှတ်လည်း အပ်နှင်ပေးခဲ့ပါတယ်။

“သင်တန်းမှာဆိုရင် ကျမတို့အများကြီးရရှိသွားတယ်။ အရင်က ကျယ်ကျယ်ပြန့်ပြန့် မသင်ခဲ့ရတဲ့ သုံးပုံသုံးနည်းတွေလည်း အသေးစိတ်သိခွင့်ရသွားတယ်။ ဒီလိုအထူးအခွင့်အရေးအနေနဲ့ အခမဲ့သင်ကြားပေးတဲ့ ဆရာတွေကိုကျေးဇူးတင်တယ်။ အခွင့်အရေးရှိမယ်ဆိုရင် တစ်လမဟုတ်ဘဲ ၂ လ ၃ လဖြစ်ဖြစ် လေ့လာချင်တယ်ပေါ့နော။” လို့သင်တန်းတက်ရောက်ခဲ့တဲ့ ကျောင်းသူတစ်ဦးဖြစ်တဲ့ မော်ရှားမြာ က ပြောပါတယ်။

ဒီသင်တန်းဆင်းပွဲကိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ အထက်တန်းကျောင်းမှ တာဝန်ရှိသူများ အပါအဝင် ကျောင်းသား မိဘများ စုစုပေါင်း ၁၅၀ ဝန်းကျင် လာရောက်ပါဝင်ခဲ့ကြပါတယ်။

(DeeKu Education Center) ရဲ့ Pre – GED Program ဟာ ဆယ်သဲဖောင်ဒေးရှင်း (STF) လက်အောက်ကနေ ထိုင်းနိုင်ငံနယ်စပ်တစ်နေရာမှာ ဖွင့်လှစ်ထားပြီး အပတ်စဉ် ( ၂ ) အထိ ဖွင့်လှစ်သင်ကြားပြီးစီးခဲ့ပြီဖြစ်ပြီး စစ်ဘေးရှောင်နေကြတဲ့ ကရင်နီပြည်တွင်းက ဆယ်ကျော်သက်လူငယ်တွေနဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ် – ၁ က ဆယ်ကျော်သက်လူငယ်တွေ တက်ရောက်ကြတဲ့ Program တစ်ခု ဖြစ်ပါတယ်။

spot_img
spot_img

Recent posts