spot_imgspot_imgspot_imgspot_img
Sunday, January 19, 2025
spot_imgspot_imgspot_imgspot_img

IEC စိုက်ပျိုးရေးဌာနမှ စစ်ရှောင်တွေအတွက် မျိုးစေ့ထုတ်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) စိုက်ပျိုးရေးဌာနကနေ စစ်ရှောင်တွေ စိုက်ပျိုးရာသီကာလမှာ သီးနှံတွေစိုက်ပျိုးနိုင်ဖို့ မျိုးစေ့တွေကို ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း ၂ခုက စစ်ရှောင်တွေအတွက် မျိုးစေ့ပေးဝေခဲ့တာဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြှင့်နေတာကြောင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ဖို့ ရည်ရွယ်တယ်လို့ IEC စိုက်ပျိုးရေးဌာနမ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လိုအပ်တဲ့ စိုက်ပျိုးရေး နည်းပညာတွေကိုလည်း ဆက်လက်ပို့ချပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က လိုအပ်နေတဲ့ စိုက်ပျိုးရေးနည်းပညာ နဲ့ လိုအပ်နေတဲ့မျိုးစေ့ကို ရှေ့ဆက်ပြီး ကျနော်တို့ plan(အစီအစဉ်)ကော ရည်မှန်းချက်တွေကော vision(ရည်မှန်းချက်) mission(မျော်မှန်းချက်) တွေကော ဆွဲထားပြီးပြီ။ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေကတော့ တောင်သူတွေရဲ့ စားဝတ်နေရေးပြေလည်အောင်နဲ့ တောင်သူတွေအတွက်လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာ သင်တန်းလေးကို ကျနော်တို့ရှေ့ဆက်ဖို့ပါ” လို့ သူက ဆိုပါတယ်။

IEC စိုက်ပျိုးရေးဌာန ကို CDM စိုက်ပျိုးရေးဝန်ထမ်းတွေနဲ့ စုပေါင်းဖွဲ့စည်းထားတာရှိပြီး ဝန်ထမ်းဦးရေ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဝန်ထမ်း ၃၀ ဦးနဲ့ မြေပြင်မှာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

” ကျမတို့ စစ်ရှောင်စခန်းမှာပေါ့နော် ကျမတို့ စစ်ရှောင်အတွက်ကို ဒီ IEC က မျိုးစေ့လာပေးတာက ကျမတို့အရမ်းလဲ ဝမ်းသာတယ်ပေါ့နော်။အခုချိန် မျိုးစေ့တွေရဖို့ဆို ကျမတို့အတွက် အရမ်းခက်ခဲတယ်ပေါ့နော်။ ကိုယ်တိုင်လည်းစိုက်ပျိုးရမယ်။ထွက်လာမယ့် အသီးအနှံတွေကိုလည်း လတ်လတ်ဆတ်ဆတ် စားရတယ်ပေါ့နော်” လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ဆိုပါတယ်။

IEC စိုက်ပျိုးရေးဌာနကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts