spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KA ဒုစစ်ဦးစီချုပ်ဗိုလ်ချုပ်အောင်မြတ်နှင့်တွေဆုံခြင်း

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းမှာပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရင်နေ့က စစ်ကောင်စီတပ်ကနေ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်သွားတာတွေနဲ့ ပြည်နယ်အတွင်း စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ကရင်နီတပ်မတော် (KA) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်နဲ့ ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားတာတင်ပြလိုက်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဖရူဆိုမှာ ပြည်သူတွေ အသတ်ခံရတဲ့ ဖြစ်ရပ် နဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်လဲ။

ဗိုလ်ချုပ် ။ ။ ကြားကြားချင်း စိတ်မပျော်ဘူး။ တအားရင်နာတယ်။ အဲ့တာ အထက်မှာရှိတဲ့ အမျိုးသားတွေ အားလုံးဟာ ညီညွှတ်ဖို့ အချိန်တန်ပြီ။ မခံချင်စိတ်က လက်တွေ့ပြနေပြီ။ အဲ့တာ စည်းလုံးကြဖို့လိုတယ်။ အဲ့တာက သူ့တပည့်တောင်မှ သူသတ်သေးတယ် ရှင်းလင်းသွားသေးတယ်။ ပြည်သူလူထုဆိုရင် ပိုဆိုးတာပေါ့။ အခုမှ လုပ်တာ မဟုတ်ဘူး နော အခုမှလုပ်တာ မဟုတ်ဘူး အထူးသဖြင့် ဖေဖော်ဝါရီလ တစ် ရက်နေ့က အာဏာသိမ်းပြီးနောက် တောက်လျောက်သူလုပ်တယ်။ အဆိုးဆုံးက ကျနော်တို့ဆီမှာဖြစ်နေတယ်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ရက်စက်မှုတွေက ကျနော်တို့ လူမျိုးအပေါ်မှာ ဖိနှပ်တယ် သတ်ဖြတ်တယ် အဲ့သလိုပဲ ခံယူတယ်။ ဒါကြောင့် စိတ်အားတင်းပြီးတော့ စိတ်ဓာတ်တက်ကြွပြီးတော့ ကျတဲ့ မျက်ရည်ကို သုတ်ပြီးတော့မှ တဆင့်တက်ဖို့ပဲလိုတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဒီလို ဖြစ်သွားတဲ့အတွက် စစ်အရှိန်ထပ်မြင့်လာနိုင်တယ်လို့ ပြောချင်တာလာ။

ဗိုလ်ချုပ် ။ ။ မြင့်လာတာပေါ့။ အခုက ကျနော်တို့ ဆီမှာပဲ မဟုတ်ဘူးလေ။ တစ်နိုင်ငံလုံး ဖြစ်နေတာ။ ဥပမာ စစ်ကိုင်းတိုင်း၊ ကချင် စသဖြင့်ပေါ့ မကွေး၊ ကရင်။ ပိုပိုပြီးတော့ အရှိန်မြင့်လာတယ်။ ဘာဖြစ်လို့ ဒီလို အရှိန်မြင့်လာတာလဲဆိုတော့ သမိုင်းပညာရှင်တွေက စစ်အာဏာရှင်တွေဟာ ဖက်ဆစ်ဝါဒ ကျင့်သုံးပြီးတော့မှ သူကျဆုံးခန်းရောက်ခါနီး သူဒီလိုပဲ လုပ်လေ့လုပ်ထရှိတယ်။ အဲ့တာက မှတ်တမ်းအရတွေ့ရတာပေါ့နော။

ကန္တာရဝတီတိုင်း(မ်) ။ ။ ပြည်သူတွေကိုကော ဗိုလ်ချုပ်အနေနဲ့ ဘာပြောချင်တာရှိလဲ။

ဗိုလ်ချုပ် ။ ။ ကရင်နီပြည်သူပြည်သားတွေကို ပြောချင်တာကတော့ ကိုယ့်အားကိုယ် ကိုးမှရမယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ် ကာကွယ်ဖို့ဆိုတာ ကိုယ့်ကိုယ်ကာကွယ်ရမယ် သူများအား သွားမကိုးပါနဲ့။ အဲ့တာပဲ မှာချင်တယ်။ လူများကို သွားအားကိုးရင်လည်း လူများတွေက ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ အဲ့တာအဓိက အရေးကြီးဆုံးက ကိုယ့်ကိုယ်ကာကွယ်ဖို့ပဲ လိုတာပေါ့နော။ သူ့ကိုယ်သူ အစိုးရလို့ ပြောပြီးတော့မှ လူထုကို သတ်တယ်ဆိုတာက အဓိပ္ပာယ်မှမရှိတာ။

ကန္တာရဝတီတိုင်း(မ်) ။ ။ စစ်အာဏာရှင်ကို ပြန်တိုက်နေတဲ့ PDF လူငယ်တွေဖြစ်ဖြစ်၊ KNDFတွေဖြစ်ဖြစ် အဖွဲ့တွေအများကြီးရှိတယ်ပေါ့နော သူတို့ကိုကော ဗိုလ်ချုပ်အနေနဲ့ ဘာပြောချင်လဲပေါ့။

ဗိုလ်ချုပ် ။ ။ သူတို့ အာဏာရှင်ကို ပြန်တိုက်တဲ့ ကျနော်သိတာက ကျနော်တစ်ယောက်တည်း အသိအမှတ်ပြုတာက KNDFတစ်ခုပဲရှိတယ်။ တခြားအဖွဲ့အစည်းငယ်တွေကတော့ တိုက်တာက တိုက်တာပဲပေါ့။ ဘယ်လိုတိုက်လဲ ကျနော်မှမသိတာ။ ဘယ်လိုတိုက်လဲ မသိဘူးဆိုတော့ သူတို့ကို ဘယ်လိုပြောရမလဲ။ အဲ့တာတွေရှိတယ်။

ကန္တာရဝတီတိုင်း(မ်) ။ ။ နောက်မှပေါ်လာတဲ့ အဖွဲ့အစည်းငယ်တွေ မဟုတ်ဘဲအရင်ကတည်းကရှိနေတဲ့ ကလလတတို့ ၊ ကယန်းပြည်သစ်တို့လို အဖွဲ့အစည်းတွေနဲ့ကော သူတို့နဲ့ တော်လှန်ရေးခရီးကို ဘယ်လိုဆက်သွားဖို့ရှိလဲ။

ဗိုလ်ချုပ် ။ ။ အဲ့တာက ကံယံကံရှင်ကို မေးမှရမှာပေါ့နော။ ကံယံကံရှင်ကို မမေးဘဲ ကျနော်တို့ကို လာမေးတော့ ပြောပိုင်ခွင့်မရှိဘူး။

ကန္တာရဝတီတိုင်း(မ်) ။ ။ ဗိုလ်ချုပ်တခြား ပြောပြချင်တာရှိသေးလာ။

ဗိုလ်ချုပ် ။ ။ တိုက်ဖို့လိုတာပေါ့။ အဲ့တာပဲရှိတာတယ်ကော။ ကြောက်ရင်လည်း သေရမှာပဲ။မကြောက်ရင်လည်းသေရမှာပဲ။ မတိုက်လည်း သေရမှာပဲ။ အခုလက်ရှိခြေနေအရ။ သူ့ကို မတိုက်ရင်လည်း သေရမှာပဲ။တိုက်ရင်လည်း သေရမှာပဲပေါ့။ အဲ့တော့ ဘယ်လမ်းရွေးမလဲ။ဒါပဲရှိတယ် လက်ရှိပြည်သူလူထုရဲ့ ဘဝက။

spot_img
spot_img