Homeသတင်းစစ်အစိုးရတပ် ရဲ့ ဒရုန်းဗုံးကြောင့် မြေပဲစိုက်ပျိုးနေတဲ့ ဖရူဆိုဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်အစိုးရတပ် ရဲ့ ဒရုန်းဗုံးကြောင့် မြေပဲစိုက်ပျိုးနေတဲ့ ဖရူဆိုဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာအနီးကို စစ်အစိုးရတပ်က ဒရုန်းဗုံးကြဲလို့ မြေပဲစိုက်ပျိုးနေတဲ့ ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

ဒီကနေ့ ဩဂုတ်လ ၃ ရက်နေ့၊ နေ့လည်ခင်းအချိန်မှာ ဖြစ်ပွားခဲ့တာပါ။

“ထိခိုက်သွားသူကတော့ အသက် ၄၀ နီးပါးအရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူ့ရဲ့ နောက်ကျောနည်းနည်းရယ်၊ ခြေတလုံး ပါပါ ထိခိုက်သွားတယ်” လို့ ကေးလျားမြို့နယ် တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ထိခိုက်သွားသူကတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

စစ်အစိုးရတပ်ဟာ လက်ရှိမှာ ဖရူဆို – ဒီးမော့ဆို – ဘောလခဲ လမ်းမကြီးကို ထိန်းချုပ်ထားဆဲဖြစ်ပြီး စိုက်ပျိုးရေး ပြုလုပ်နေကြတဲ့ ဖရူဆိုမြို့နယ်အတွင်းက ဒေသခံတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ