Kayah Radio Sept 1st Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယား)
(တနင်္ဂနွေနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဖားဆောင်းမြို့နယ်အတွင်း အိမ်ထောင်စု ၁၆၀ ကျော် ရေဘေးသင့်ခဲ့တယ်ဆိုတဲ့သတင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၅)၊ ပုဒ်မ ၂၆၃ (က) ပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျုးလွန်တယ်လို့ဆိုကာ စုံစမ်းစစ်ဆေးဖို့ ပြည်နယ်လွှတ်တော်က ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့မှာ အဖွဲ့ဝင် ၄ ဦးနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး စစ်ဆေးနေတယ်ဆိုတဲ့သတင်းနဲ့ “ ၂၀၂၀ အလွန်မှာ ငြိမ်းချမ်းချင်တယ် ” ဆိုတဲ့ ဆောင်းပါးလေးအပြင် သီချင်းခေါင်းစဉ် ကယား တေးရေးဆရာ ခူးလောကီး ရေးစပ်ဖော်ကျူးထားပြီး တေးဆို ခူးဌေးရယ်က သီဆိုထားတဲ့ “နယ်ငိုးလာဟိုး” ဆိုတဲ့ ကယားသီချင်းကောင်းလေး တစ်ပုဒ်ကို ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Comments

comments

Next Post

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) မှ ဘောလခဲ မြို့နယ်မှ ဝင်ရောက်အရွေးခံယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ

Mon Aug 31 , 2020
၁။ အမည် – ဦးစောရှောလမုန် လူမျိုး – ကယား ဘာသာ – ခရစ်ယာန် မွေးသက္ကရာဇ် – ၂၈-၃-၁၉၆၈ (၅၂)နှစ် အလုပ်အကိုင် – ကုန်သည် ပညာအရည်အချင်း – (၁၀) တန်း(၈၈ အရေးအခင်း) မွေးရပ်ဇာတိ – ဆိုဘောသဲရွာ၊ဒီးမော့ဆ်ိုမြို့နယ်။ နေရပ်လိပ်စာ – မိုင်း ၁(က) မိုင်းလုံးရပ်ကွက်၊ လွိုင် ကော်မြို့၊ကယားပြည်နယ်။ ကိုယ်စားပြုပါတီ – ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP)။ ရွေးကောက်တင်မြောက်ခံမည့်မဲဆန္ဒနယ်- ဘောလခဲ မြို့နယ်၊ ပြည်နယ်လွတ်တော်၊ မဲ ဆန္ဒနယ်အမှတ် (၂)။ ထမ်းဆောင်ခဲ့ဖူးသည့်နိုင်ငံရေး၊လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့်အတွေ့အကြုံများ -ကိုးရီးယားနိုင်ငံ(Daewoo shipbuilding & Marine Engineering […]